Ch.(12)

3.9K 679 4
                                    

Unicode

“ဟုတ်သား၊ မင်းတို့အချင်းချင်း addသင့်တယ်။ ငါအလုပ်များရင် မင်းသူ့ကိုသွားရှာလို့ရတယ်။"

ဒဲရစ်က ဖုခယ်ကို ရောင်းစားလိုက်စဉ် မိုက်မဲစွာပြုံးလိုက်သည်။ အချိန်အတော်ကြာ တွေ့ဆုံပြီး စကားစမြည်ပြောခဲ့ကြသောကြောင့် accများကို မဖလှယ်သင့်ဘူးလား? သို့သော် ဖုခယ်ကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။ ဒဲရစ်ကသူ အခြားလူများကို addရန်အစပျိုးလုပ်ဆောင်သည်ကို မမြင်ဖူးပါ။ ဖုခယ်၏ သူငယ်ချင်းစာရင်းတွင် သူ့မိသားစုနှင့် ဆရာများမှလွဲ၍ အခြားမည်သူမျှ မရှိနိုင်ဟု ခန့်မှန်းခဲ့သည်။ ဒီအတိုင်းဆက်သွားလို့မရဘူး၊ သူ့လူမှုအသိုင်းအဝိုင်းကို ချဲ့ထွင်ဖို့လိုတယ်!

မိခင်ကြက်မဖြစ်သူ ဒဲရစ်လစ်သည် သူ၏ကလေး ဖုခယ်အတွက် အလွန်စိတ်ဆင်းရဲခဲ့ရသည်။

ဖုခယ်သည် အလွန်ပျော်ရွှင်ပုံမပေါ်သော်လည်း သူသည် လူနှစ်ယောက်ကို သူ့ဂိတ်ထဲသို့addရန် အစပျိုးနေဆဲဖြစ်သည်။  "ဟုတ်​တယ်​၊ မင်းတို့ကဘယ်​အတန်းကလဲ?"

"ငါတို့က အတန်း​6က။"  ဟယ်ရှင်းသည် ဖုခယ်၏ friend requestကို ပျော်ရွှင်စွာ လက်ခံခဲ့သည်။ "ဆရာချင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သူတစ်ယောက်ပဲ။"

"ချင်ကျောက်" ဖုခယ်နှင့် ဒဲရစ်သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ အမူအရာမှာ အနည်းငယ် အဆင်မပြေ။ "အဲဒါက...မင်းတို့ သူနဲ့ပတ်သတ်တဲ့ ကိစ္စတစ်ခုခုကို ကြားဖူးလား"

"အရှုပ်တော်ပုံအကြောင်း ပြောတာဆိုရင် အဲဒါကိုငါတို့သိပြီးသား။" သူတို့ရဲ့ အမူအရာတွေကနေ နင်အန်းကသူတို့ တစ်ခုခုပြောချင်နေတယ်ဆိုတာ သိသည်။ ဒါကမျှော်လင့်ထားသည့်အတိုင်းပါပဲ။ ၎င်းတို့နှစ်ဦးစလုံးသည် စစ်ဘက်ဆိုင်ရာ နောက်ခံမိသားစုများမှ ဆင်းသက်လာသောကြောင့် ဤကိစ္စရပ်ကို ပိုမိုသိရှိကြမည်မှာ သဘာဝကျပါသည်။  "ပြဿနာရှိလို့လား?"

"အဲ့ဒါက၊ ကောလဟာလတွေကို အမြဲယုံလို့မရဘူးလေ ဟုတ်တယ်မလား?" ဒဲရစ်ကအကြည့်လွှဲကာ ရယ်လိုက်သည်။

ဖုခယ်က နင်အန်းအား အလေးအနက်စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒါပေမယ့်လည်း မင်း သတိထားသင့်တယ်။"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now