Ch.(14)

3.5K 594 0
                                    

Unicode

(T/N: လာပါပြီ ဖော်လမော်ကောင်)

"ရှယုရှန့်?" ဝမ်ရိသည် ဖုခယ်ကို ပိတ်ဆို့ထားသည့်လူကို ချက်ချင်းမှတ်မိသွားသည်။ သူသည် ယနေ့ အတန်းထဲတွင် သူတို့၏ စစ်သင်တန်းပို့ချသူအား အဆက်မပြတ် ရစ်ပတ်နေသူတစ်ဦးဖြစ်သည်။

"အိုး? ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရသူလား” ဒဲရစ်သည် သူတို့ နှစ်ယောက် ဘေးနားသို့ လျှောက်လာသည်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။

"ဘာ?" နင်အန်းနှင့် ဟယ်ရှင်းတို့သည် ဒဲရစ်၏စကားကိုကြားသောအခါ နှစ်ယောက်စလုံး ချန်စစ်ယွီနှင့် ဝမ်ရိဆီသို့ လှမ်းမျှော်ကြည့်ကြသည်။ တစ်ယောက်က ရှယုရှန့်နဲ့ အတန်းတူနေချိန်မှာ တစ်ယောက်က သတင်းအကုန်သိသည်။ သူတို့နှစ်ယောက် တစ်ခုခုတော့ သိသင့်သည်။

“အင်း”  နှစ်ယောက်သား တစ်ချိန်တည်း ခေါင်းညိတ်ကြသည်။  ဝမ်ရိက "စစ်သင်တန်းဆရာ ပြောတာ။"

ချန်စစ်ယွီက ဒါကိုအမြန်ဆက်ပြောသည်။  "ဝမ်ရိက ဒုတိယပါ။"

“ဝိုး-” အတန်းအောက်ခြေတွင် လက်တွေ့ကျကျ ဖြစ်နေသော အခြားနှစ်ယောက်က တုန်လှုပ်ခြောက်ခြားဖွယ်ရာ အသွင်အပြင်ကို တစ်ပြိုင်နက် ထုတ်ဖော်ခဲ့သည်။ သူတို့၏ မျက်လုံးများသည်လည်း အခန်းဖော်ကို ပိုသဘောကျစွာ ကြည့်နေကြသည်။ နင်အန်းက 'အစ်ကိုဝမ်၊ ငါ့ကို ထိပ်ဆုံးကိုခေါ်သွားပေးပါ' လို့ ပြောနေသလို ဝမ်ရိကို စူးစူးရဲရဲ အကြည့်နဲ့ ကြည့်နေသည်။

"ဟယ်လို။" ရှယုရှန့်က လမ်းလျှောက်လာသည်။ သူသည် စားပွဲရှိလူတိုင်းကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သော်လည်း သူ့အကြည့်က နင်းအန်း၊ ဟဲရှင်း သို့မဟုတ် ချန်စစ်ယွီဆီကို ဘယ်တော့မှ မရောက်။  သူကဝမ်ရိကို ဂရုမစိုက်သလိုကြည့်ပြီးနောက် ဒဲရစ်ကိုသာ အာရုံအားလုံးစိုက်လိုက်သည်။ "ငါက ရှယုရှန့်ပါ။ ငါတို့ဂိတ်မှာ တစ်ယောက်နဲ့တစ်ယောက် addကြရင်ရော?"

နင်အန်းက ဒဲရစ်က ရှယုရှန့်၏ ရည်ရွယ်ချက်ကို နားမလည်တာ တွေ့လိုက်ရတော့ သူဟယ်ရှင်းကိုဆွဲကာ ဒဲရစ်နှင့်ဖုခယ်ကို ခေါင်းညိမ့်ပြလိုက်သည်။ "ငါတို့သွားနှင့်လိုက်အုံးမယ်။"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now