Ch.(27)

2.7K 537 5
                                    

Unicode

နင်အန်းနှင့် ဟဲရှင်းတို့ နှစ်ယောက်စလုံး စာမေးပွဲတွင် အထစ်အငေါ့မရှိဘဲ အောင်သွားခြင်းရှိ၊ မရှိကို မသိခဲ့ကြပေ။  နောက်ဆုံး အနီးကပ် တိုက်ခိုက်ရေး အပိုင်းမှာတော့ သူတို့ ပြိုင်ဘက်တွေကို ကျပန်းဆွဲရသည်။

နင်အန်းက ရှယုရှန့်ကို ဆွဲမိပြီး ဟယ်ရှင်းက ချန်စစ်ယွီကို ဆွဲမိသည်။

"ဟက်၊ ဟယ်ရှောင်ရှင်း"  ချန်စစ်ယွီသည် ဟယ်ရှင်း၏ ပခုံးတစ်ဝိုက်တွင် သူ့လက်မောင်းကို ရင်းနှီးစွာ ပတ်ထားပြီး အမှတ်ပေးတာဝန်ခံ ဆရာမထံ စာရင်းသွင်းရန် သွားခဲ့သည်။ "ငါတို့ အတူတူနေပေမယ့် မင်းကိုအလျှော့ပေးမှာ မဟုတ်ဘူးနော်"

"ငါလည်း အစွမ်းကုန်လုပ်မယ်!"

နံဘေးတွင်ရပ်နေသော နင်အန်းနှင့် ရှယုရှန့်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်သည်။

“ဒါက တကယ်ကို ကံဆက်တာပဲ။ ဒါပေမယ့် ငါလည်း ညှာမှာမဟုတ်ဘူးနော်" ရှယုရှန့်က သွေးပူအောင်လုပ်ပြီး လက်ပတ်ကို ဝတ်လိုက်သည်။  “သတိထားသင့်တယ်”

"ကံကောင်းတာလည်း ဖြစ်မှာပါ" နင်အန်းက သူ့လည်ပင်းကို လှည့်လိုက်သည်။ “အရင်တစ်ခေါက်တုန်းက ဘယ်သူအနိုင်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။”

သူတို့နှစ်ယောက်သည် တိုက်ပွဲစင်မြင့်ပေါ်တွင် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေပြန်သည်။ တစ်ယောက်နဲ့တစ်ယောက် စူးစမ်းစရာ မလိုဘဲ ဆရာမ ဝီစီမှုတ်ပြီးတာနဲ့ ရှေ့ကို တက်ကြသည်။

“အို၊ အများကြီး တိုးတက်လာတာပဲ” ဒဲရစ်နှင့် ဖုခယ်တို့သည် စာမေးပွဲ ပြီးသွားကြသည်။ ကျောင်းက သူ့ကို ဖုခယ်ဆီ တမင်တကာ လွှဲပေးတယ်လို့ခံစားရပြီး မျှော်လင့်ထားသလိုပဲ သူ ထပ်ရှုံးခဲ့သည်။ သူတို့ထွက်လာတော့ နင်အန်းနဲ့ ဟဲရှင်း စာမေးပွဲဖြေနေတာကို တွေ့လိုက်ရသည်။

ကိုယ်နေဟန်ထားပဲဖြစ်ဖြစ်၊ ခွန်အားပဲဖြစ်ဖြစ် အရင်ကနဲ့လုံးဝ မတူတော့ပေ။ အထူးသဖြင့် နင်အန်း၏ သိမ်သိမ်မွေ့မွေ့နှင့် နုနယ်သော အသွင်အပြင်က အခုနဲ့ လုံးဝခြားနားနေပုံရသည်။ နင်အန်းသည် တိုက်ပွဲကိုအဆုံးသတ်ရန် လှည့်ပတ်ကန်ဘောကိုအသုံးပြုသည်ကိုမြင်တော့ ဒဲရစ်က "လှလိုက်တာ!"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now