Ch.(30)

2.9K 526 4
                                    

Unicode

ဟယ်ရှင်းနှင့် နင်အန်းတို့သည် ဖုခယ်နှင့် ဒဲရစ်တို့နှင့် လမ်းမတူသောကြောင့် ရှော့ပင်းမောလ်မှ မထွက်ခင် လမ်းခွဲခဲ့ကြသည်။ မသွားခင် မနက်ဖြန် နေ့လည်စာ အတူတူစားဖို့နဲ့ လမ်းတစ်လျှောက်မှာ စာအုပ်တွေ ဝယ်ဖို့ သူတို့တွေ စီစဉ်ထားသည်။

ဟယ်ရှင်းသည် တစ်နှစ်တာ၏ အနည်းဆုံး ထိပ်တန်း 50စာရင်းဝင်ချင်သော်လည်း နင်အန်းသည် ထိပ်တန်း 10စာရင်းကို ရောက်ချင်သည်။

အားလပ်ရက်မှာ စာမကြိုးစားရင် စာသင်နှစ်အသစ်စတဲ့အခါ တခြားသူတွေနောက်ကျန်ခဲ့လိမ့်မည်။ ထို့အပြင်၊ နင်အန်းတွင် ချင်ကျောက်မှ အထူးတာဝန်ပေးထားသည့် အားလပ်ရက်အိမ်စာလည်း ရှိသည်။

တွေ့ဆုံပွဲစီစဉ်ပြီးနောက် သူတို့နှစ်ဦးသည် အချိန်အတော်အတန်ကြာမှ နိုးလာပြီး နင်မုံ့နှင့် မနက်စာစားကြသည်။

မနေ့က နင်မုံ့တစ်နေကုန် ဈေးဝယ်ထွက်ခဲ့သည်။ အိပ်ယာမဝင်ခင် ခြေထောက်တွေကို စိမ်ပြီး နှိပ်နယ်ပေးရင်တောင် နိုးလာတဲ့အခါ ခြေထောက်တွေက နာကျင်နေတုန်းပါပဲ။ မနက်စာစားပြီးတာနဲ့ ထိုင်ခုံမှာ ပြန်ထိုင်ပြီး မလှုပ်ချင်တော့ပေ။ နောက်ဆုံးတွင် နင်အန်းကတစ်ဝက်ချီကာ ဆိုဖာပေါ်သို့ ရွှေ့လိုက်သည်။

တကယ်တော့ သူမ လမ်းမလျှောက်နိုင်တာ မဟုတ်ပေ၊ နင်မုံ့က အလိုလိုက်ခံချင်နေတာပင်။

သူမ သရုပ်ဆောင်တာ ပေါ်သွားသည်နှင့် တပြိုင်နက် နင်အန်းသည် ယင်းနှင့် ပတ်သက်၍ ဘာမှ မလုပ်နိုင်တော့ပေ။ သူ့ညီမကို အလိုလိုက်တာကလွဲပြီး တခြားဘာလုပ်ပေးနိုင်မှာလဲ?

မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် နင်အန်းသည် သူငယ်ချင်းများနှင့် နေ့လည်စာစားရန် စီစဉ်ခဲ့ကြောင်း နင်မုံ့မှ သိရှိခဲ့သည်။ သူမ၏ ပထမဆုံးတုံ့ပြန်မှုသည် နင်အန်းကို အံ့အားသင့်စွာ စိုက်ကြည့်ခြင်းပင်ဖြစ်သည်။ ယခင်အားလပ်ရက်များအားလုံးတွင် နင်အန်းသည် အိမ်အပြင်တောင် ခြေတစ်လှမ်းမှ မထွက်ကြောင်း သူမ ရှင်းရှင်းလင်းလင်း သတိရမိသည်။ သူသည် သမိုင်းစာအုပ်များမှ အိမ်ထောင်ပြုရန် စောင့်ဆိုင်းနေသော Omegaနှင့်တူသည်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့အိမ်မှာနေဖို့ သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခဲ့ရုံသာမက အပြင်ထွက်ပြီး တခြားသူတွေနဲ့ ထမင်းစားဖို့တောင် ချိန်းထားခဲ့သည်။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now