Ch.(35)

2.6K 487 1
                                    

Unicode

ကြိုတင်စီစဉ်မှုမရှိဘဲ ညီအစ်မနှစ်ယောက်လုံး သူတို့၏အစ်ကိုကြီးများကို စတင်ဝေဖန်ကြတော့သည်။

"ငါ့ကောကတော့ သေရင်တောင် အိမ်ထဲကမထွက်တော့ဘူးထင်တယ်"

"နင့်အကိုက နင်နဲ့ခရီးသွားဖူးတယ်မလား? ငါ့ကောဆိုရင်၊ နေ့တိုင်း အိမ်မှာပဲ အရူးအမူးလေ့ကျင့်ခန်း လုပ်နေတာ။ သူ့မျက်နှာက မနေတဲ့အလေးအတိုင်း မည်းမှောင်နေတာပဲ”

“ငါ့ကောကတော့ ကြာလာရင်ရသေ့ဖြစ်​လာတော့မှာပဲ"

"ငါ့ကောကတော့ ဗလလူသားဖြစ်လာတော့မှာပဲ"

"ဒီလိုသာဆက်သွားရင် သူလက်တွဲဖော်ရှာနိုင်မှာ မဟုတ်ဘူး။"

"ဒီလိုသာ ဆက်သွားရင် သူငါ့ယောက်မလေးကို ရှာနိုင်မှာ မဟုတ်ဘူး"

သူတို့နှစ်ယောက်က ဒါကို တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်လိုက်ကြသည်။ ရုတ်တရက် သူတို့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာတော့သည်။

"ဟေ့ နင်မုံ့မုံ့၊ ငါတို့နှစ်ယောက် အဖွဲ့လိုက်Blind Dateလုပ်ပြီး ငါတို့ကောတွေကို ခေါ်လိုက်ရင်မကောင်းဘူးလား?"

"ငါလည်းအဲ့လိုစဉ်းစားနေတာ ဖုယွဲ့ယွဲ့ရဲ့၊ ငါချိုးယန်နဲ့ တခြားသူတွေဆီ ချက်ချင်း မက်ဆေ့ချ်ပို့လိုက်မယ်။" နင်အန်းကို လက်တွဲဖော်တစ်ယောက်နဲ့ မမိတ်ဆက်ပေးနိုင်ရင်တောင်မှ အပြင်မှာ အချိန်ခဏလေးပေးလို့ရရင် ကောင်းနေပါသေးသည်။

အိပ်မက်တွေဟာ လှပပေမယ့် လက်တွေ့ကတော့ ရက်စက်ပါတယ်။ နင်မုံ့နှင့် ဖုယွဲ့တို့သည် သူတို့၏ အကိုများကြောင့် ဤစကားကို နားလည်ခဲ့ကြသည်။

"အဖော်မရှာချင်ဘူး" နင်အန်းသည် mechaစွမ်းအင်ရင်းမြစ်အသစ်များစွာ၏ အချက်အလက်ကို စီမံရန် ရုန်းကန်နေရပြီး သူ့ဆံပင်များ ပြန်ကျွတ်သွားသလို ခံစားရသည်။ “မင်းတို့တွေပဲ သွားပျော်ကြ”

"သွားရအောင်အာ!" နင်မုံ့သည် နင်အန်း၏လက်ကို ဆုပ်ကိုင်ထားပြီး ချစ်စရာကောင်းသော အမူအရာဖြင့် သူမ၏ဝှက်ဖဲကို အသုံးပြုခဲ့သည်။ "ကောကော ညီမနဲ့လိုက်ခဲ့ပါလို့ ~ အဲဒီမှာထိုင်ပြီးကြည့်နေရင်တောင် ရတယ်လို့"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now