Ch.(24)

2.9K 585 13
                                    

Unicode

(T/N: စိတ်ကောင်းဝင်ပြီး နောက်တစ်ပိုင်းတင်ပေးလိုက်ပါတယ်လို့၊ စိတ်မဆိုးဘူးဟုတ်?😗)

ဖုခယ်သည် အကြောင်းကြားချက်၏ ညာဘက်အပေါ်ထောင့်ရှိ အနီရောင်ကြက်ခြေခတ်ကို တိတ်တဆိတ်နှိပ်လိုက်သည်။ သူဘာမှမမြင်ရသလို ဟန်ဆောင်ရန်ကြိုးစားသော်လည်း သူ့စိတ်ထဲတွင် 'Heat' ဟူသော စကားလုံးဖြင့် ပြည့်နေသည်။ သူ၏ စူးစမ်းလိုစိတ်ကြောင့် သူသည် ဖုယွဲ့ထံ စာတိုတစ်စောင် ပေးပို့ခဲ့သည်။

[Omegaတစ်ယောက် Heatဝင်ရင် ဘာကို သတိထားရမလဲ။]

ဒါက ငါထင်ထားတဲ့အတိုင်းပဲ ဖြစ်ရမယ်။ ဒီစာကိုမြင်လိုက်ရတော့ ဖုယွဲ့ရဲ့မျက်နှာပေါ်ကMaskက ထိတ်လန့်တကြားဖြစ်သွားသည်။ Maskကို ပြန်ကပ်ရင်း မှတ်သားထားရမည့်အရာများကို ရှင်းပြထားသည့် စာသားအုပ်လိုက်ကြီးကို အမြန်ပို့လိုက်သည်။ အဆုံးတွင် သူမက ထပ်ပြောသည်။

[ကောဘာလို့ ဒီလိုမျိုးတွေ ရုတ်တရက် စိတ်ဝင်စားသွားရတာလဲ? ယောက်မလေးကို ရှာတွေ့ပြီလား?]

ဖုခယ်သည် သူ့ဘေးတွင် စိတ်အားထက်သန်စွာ ပုံများဆွဲနေသော နင်အန်းကိုကြည့်လိုက်သည်။ ထို့နောက် ဖုယွဲ့ပေးပို့လိုက်သော မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်သည်။ 'ယောက်မ' ဆိုတဲ့ စကားလုံးကို မြင်လိုက်ရတော့ သူ့ရင်ထဲမှာ နားမလည်နိုင်တဲ့ ခံစားချက်တစ်ခု ပေါ်လာသည်။

[ဘာမှမဟုတ်ပါဘူး။ သုတေသနအတွက်လိုလို့။]

လိ့ကို သုတေသန! ဖုယွဲ့က သူ့ကို video call ခေါ်ပြီး အော်ငေါ့ချင်ပေမယ့် ဖုခယ်ရဲ့ တင်းမာတဲ့မျက်နှာကို တွေးကြည့်တော့ သူမမှာ သတ္တိမရှိခဲ့ပေ။ ထို့ကြောင့် သူမသည် ဒဲရစ်ဆီကိုသာ မက်ဆေ့ခ်ျပြောင်းပို့လိုက်သည်။

[ဟေး ဒဲရစ်၊ ငါ့ကော ကျောင်းမှာ သူငယ်ချင်းအသစ်ရပြီလား။]

[မင်းအစ်ကိုကို ဘာလို့ ရုတ်တရတ် စိတ်ပူနေတာလဲ။]

[အဲ့ဒါနင့်ကိစ္စ မဟုတ််ဘူး။ ရလားမရဘူးလား မြန်မြန်ပြော!]

[အေးပါ၊ ရပြီထင်တယ်။ မင်းအစ်ကို ဒီရက်ပိုင်း စာကြည့်တိုက်ကို လိုက်သွားနေတာ]

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now