Ch.(41)

2.5K 482 5
                                    

Unicode

"ဟင်?" နင်မုံ့နားမလည်။ ဖုယွဲ့က သူမမချေပနိုင်ခင် လှမ်းပြောလိုက်သည်။ "နားထောင်၊ ငါဖြည်းဖြည်းချင်း ပြောပြမယ်"

“ပထမဆုံးအနေနဲ့၊ ကောက Omegaရဲ့ heatရာသီနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးတယ်။ ငါဝတ္ထုတွေမှာ မြင်ရတဲ့အဖြစ်အပျက်က တကယ်ဖြစ်လာပြီလို့တောင် ထင်ခဲ့တာ” ဒါကိုပြောရင်းဖုယွဲ့ဟာ သူမရဲ့ chatမှတ်တမ်းကို စတင်ကြည့်ရှုခဲ့သည်။ “လာကြည့်၊ heatဖြစ်နေချိန်မှာ ဘာတွေ အာရုံစိုက်ဖို့ လိုလဲလို့ မေးတဲ့အချိန်က တိုက်ဆိုင်လိုက်တာပဲ……”

"ငါ့heatလား?" ထိုအချိန်တွင် နင်အန်းသည် နင်မုံ့နှင့် အတူ ထွက်ခွာသွားရန် ခွင့်တိုင်ခဲ့ရသည်။ "ဒါတိုက်ဆိုင်တာလို့ပဲ ထင်တယ်"

“ဖြစ်နိုင်ပေမယ့် ငါ့ကောမှာ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလို့လဲ? ဒဲရစ်အပြင်၊ နင်အန်းကောပဲရှိတယ်"

"သူနင့်ကို မပြောခဲ့တာရော မဖြစ်နိုင်ဘူးလား? ခဏလေး၊ ငါ့ကော မက်ဆေ့ပို့နေတယ်" အကြောင်းအရာများကိုဖတ်ပြီးနောက် နင်မုံ့၏မျက်နှာသည် ရုတ်တရက် တင်းမာသွားသည်။ သူမသည် ရှုပ်ထွေးသောအကြည့်ဖြင့် ဖုယွဲ့ကိုကြည့်ကာ သူမ၏စခရင်ကို ရှေ့သို့ရွှေ့လိုက်သည်။ “ကြည့်”

[မုံ့မုံ့၊ ငါ့ကိုတစ်ယောက်ယောက်က Omegaတစ်ယောက်လို့ အထင်မှားခဲ့လို့ သူတောင်းပန်ရင် ခွင့်လွှတ်သင့်လား?]

ဖုယွဲ့နှင့် နင်မုံ့တို့သည် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ရုတ်တရက် နစ်မြုပ်သွားကြသည်။

"တကယ်တော့ နားလည်မှုလွဲတာလို့ထင်တာပဲ? ငါတို့ အတွေးလွန်နေတာ နေမှာပါ?" ဖုယွဲ့သည် သူမ မှန်းဆနေချိန်တွင် အမှန်တကယ် စိတ်အားထက်သန်နေခဲ့သော်လည်း အဖြစ်မှန်များကို သူမ၏ မျက်လုံးများရှေ့တွင် ပြသလိုက်သောအခါတွင် သူမ သေချာပေါက် မပြောရဲပေ။

“ငါတို့မှားမယ်မထင်ဘူး။ အဖြစ်မှန်တွေကို ငါ့တို့ရှေ့မှာပြနေပြီလေအာ, ဖုယွဲ့ယွဲ့၊ အားလပ်ရက်တုန်းက ဘာဖြစ်ခဲ့လဲမေ့သွားပြီလား? ငါတို့အစ်ကိုတွေ တစ်ချိန်ထဲမှာ ထူးထူးခြားခြားပြုမူလာတယ်မဟုတ်လား? နေ့လယ်စာအတူတူစားဖို့ ထွက်သွားတဲ့နေ့ကစတာပဲ။ ဒါကြောင့်မို့လို့ ငါတို့တွေblind date ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလေ”

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now