Ch.(43)

2.3K 510 24
                                    

Unicode

"ငါတို့ ဖုခယ်ကိုတစ်ယောက်တည်း ထားခဲ့မှာလား? မကောင်းဘူးမဟုတ်လားအာ?" ဟယ်ရှင်းသည် ဆွဲခေါ်ခံရရင်း နောက်သို့ လှမ်းကြည့်လိုက်ရာ ဖုခယ်သည် အခြားဝင်ပေါက်တစ်ခုသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

"ရပါတယ်၊ သူက ကလေးမှမဟုတ်တော့တာ။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းပျောက်မှာမဟုတ်ဘူး" ဒဲရစ်သည် ဂိတ်ပေါက်ရှိ ဘားကုဒ်ကို စကင်န်ဖတ်ကာ ငါးပြတိုက်မြေပုံနှင့် အချိန်များကိုကြည့်ရန် သူ၏ဂိတ်ကို အသုံးပြုခဲ့သည်။ "အင်းပါ၊ သူ့ကို စိတ်မပူပါနဲ့။ ဘာကို အရင်ကြည့်ကြမလဲ? ရေခူဆိုရင်ရော?"

"ကောင်းပြီ၊ ပင်ဂွင်းလည်းကြည့်မယ်!"

"ဒါဆို သွားကြမယ်"

နင်အန်းနှင့် ချိုးယန်သည် သမုဒ္ဒရာဥမင်လိုဏ်ခေါင်းထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သည်။ လမ်းဘေးတလျှောက် မီးရောင်များက သမုဒ္ဒရာကို ညင်သာစွာ လင်းထိန်သွားစေသည်။ တောင်ထိပ်မှ ပင်လယ်ရေသတ္တဝါ မျိုးစုံ ကူးခတ်နေကြသည်။

ဓာတ်ပုံရိုက်ရန် ၎င်းတို့၏ ဂိတ်များကို အသုံးပြုခဲ့ကြပြီး ကွင်းရှိ ဝန်ထမ်းများကလည်း မျိုးစိတ်တစ်ခုစီကို မိတ်ဆက်ပေးခဲ့သည်။ နင်အန်းသည် တိရိစ္ဆာန်တစ်ကောင်ချင်းစီ၏ အချက်အလက်များကို ဖတ်ရင်း ဘီစကွတ်များကို စားခဲ့သည်။ ချိုးယန်သည် အနည်းငယ်စိတ်ပျက်နေပုံရပြီး နင်အန်းကို ရံဖန်ရံခါ စိုက်ကြည့်နေသည်။

“ဘီစကွတ်တွေက အရမ်းအရသာရှိတယ်။ မင်းကိုယ်တိုင်လုပ်ထားတာလား?" ချိုးယန်က သူ့စိတ်ထဲမှာ တစ်ခုခုရှိနေပုံပေါ်တာကို နင်အန်းသတိထားမိသည်။

“အင်း၊ ဟုတ်တယ်။ ကောကြိုက်တာ ကောင်းပါတယ်” နင်အန်းက သူနဲ့စကားပြောနေတာကိုကြားတော့ ချိုးယန်ရဲ့ခေါင်းက အချက်ပေးသံကြောင့် တဆတ်ဆတ်တုန်ပြီး အကြည့်တွေကို အမြန်ရှောင်လိုက်သည်။

ယခုအချိန်သည် ပင်ဂွင်းပန်းခြံဖွင့်ချိန်ဖြစ်သည်။ ဧည့်သည်များသည် ပန်းခြံထဲသို့ဝင်ရန် အထူးအကာအကွယ်အ၀တ်အစားများ ဝတ်ဆင်ကာ ပင်ဂွင်းများနှင့် ဓာတ်ပုံရိုက်နိုင်သည်။ နေ့တိုင်းဝင်နိုင်တဲ့လူအရေအတွက်ကိုလည်း ကန့်သတ်ထားတာကြောင့် လူအများစုက ပင်ဂွင်းပန်းခြံကို အရင်သွားဖို့ ရွေးချယ်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ဥမင်လိုဏ်ခေါင်းတွင် လူသိပ်မရှိပါ။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now