Ch.(52)

2.4K 453 2
                                    

Unicode

“ဟိုးရှေးရှေးတုန်းက ငါတို့ရဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ကွဲနေသေးချိန်မှာ၊ တစ်ချိန်တည်းမှာပဲ အုပ်ချုပ်မှုများစွာ ရှိခဲ့တယ်။ ထိပ်တန်းအင်အားစုနှစ်စုက စစ်မဟာမိတ်နှင့် အင်ပါယာပဲဖြစ်တယ်။ အခြား အင်အားစုသေးသေးလေးတွေလည်း အဲ့ဒီဧရာမကြီး နှစ်ခုနှင့် ချိတ်ဆက်နေကြတယ်။ အဲဒီ အင်အားစုတွေဟာ တစ်နေ့မှာ ငြိမ်းချမ်းရေးကို နှောင့်ယှက်တဲ့ အခြားလူတစ်စု ပေါ်လာပြီး မနှောင့်ယှက်ခင် အချိန်အထိ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ထိန်းထားနိုင်ခဲ့တယ်”

“ကြယ်ဓားပြတွေ: သူတို့တွေက ကောက်ကျစ်ပြီး သစ္စာမဲ့တယ်။ သူတို့က မဟာမိတ်နှင့် အင်ပါယာကြားက စစ်ပွဲကိုလှုံ့ဆော်ဖို့ စက်ဆုပ်ဖွယ်နည်းလမ်းတွေကို သုံးခဲ့တယ်။ တိုက်ပွဲရဲ့ မီးတောက်တွေက ငါတို့ရဲ့ဂလက်ဆီတွေဆီ ထွန်းညှိပေးလိုက်တယ်။ လူတွေက နက်နဲတဲ့ရေနဲ့ လောင်​နေတဲ့မီးတွေကြားက ဆင်းရဲဒုက္ခတွင်းထဲမှာ နေထိုင်ရတုန်းမှာ အဲ့ကြယ်ဓားပြတွေကတော့ အမှောင်ထဲတွင် ပုန်းအောင်းပြီး ရယ်မောနေကြတယ်"

“ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အင်ပါယာနဲ့ မဟာမိတ်အဖွဲ့ဟာ အဆုံးမှာအတူတကွ ပူးပေါင်းပြီး အဲဒီအရှက်မရှိတဲ့ လူဆိုးတွေကို အနိုင်ယူခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အဖွဲ့ချုပ်ကြီးကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စစ်ပွဲပြီးတဲ့နေ့မှာ အင်ပါယာကလူတွေဖြစ်ဖြစ်၊ မဟာမိတ်ဖြစ်ဖြစ်၊ တခြားအင်အားစုတွေဘဲဖြစ်ဖြစ်၊ လူတိုင်းက လက်နက်တွေချ၊ ပွေ့ဖက်ကြပြီး အချင်းချင်း အော်ဟစ်အားပေးကြတယ်။ အားလုံးက မိသားစုလို ညီအကို မောင်နှမတွေလို ဖြစ်လာကြတယ်”

“အဲဒီနေ့က ငါတို့အဖွဲ့ချုပ်ရဲ့ ရာစုနှစ်အသစ်ရဲ့ ပထမဆုံးနေ့ပါပဲ။ ဆိုလိုတာက အခုငါတို့ကျင်းပတဲ့ နှစ်သစ်ကူးနေ့ပဲဖြစ်တယ်။ အဲဒီနောက် သုံးရက်ကြာ ပွဲတော်ကို ကျင်းပကြတယ်”

"နင်ပုံပြင်ကို ဘယ်လိုပြောရမှန်းမသိဘူးလား?" နင်မုံ့သည် နင်အန်း၏ ဆံပင်စကို အနည်းငယ်ကို ဆွဲကိုင်လိုက်သည်။ “အရမ်းပျင်းဖို့ကောင်းပြီး အားလည်းမပါဘူး။ ငါတို့ငယ်ငယ်တုန်းက နင်ပြောခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေက ဒီလိုမဟုတ်ပါဘူး"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now