Ch.(4)

4.8K 821 0
                                    

Unicode

နောက်တစ်နေ့အတွက် အစီအစဉ်များကို သူတို့၏ ဂိတ်တစ်ခုချင်းစီသို့ ပေးပို့ထားပြီးဖြစ်သည်။ နင်အန်းသည် နံနက် ၆း၃၀ မှ ၇း၃၀ အထိ လေ့ကျင့်ချိန် ၄ချိန်ကို မြင်လိုက်ရပြီး အချိန်အတော်ကြာ စိတ်ဆင်းရဲခဲ့သည်။ နောက်ဆုံးတွင် သူသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ဂိတ်ကိုပိတ်လိုက်သည်။ မမြင်နိုင်တဲ့အရာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။

သို့သော် နောက်တစ်နေ့ နံနက်စောစောတွင် နံနက်နှိုးဆော်သံကြောင့် နိုးလာခဲ့သည်။ ကြောင်တက်တက်ဖြင့် သူသည် သူတို့၏အတန်းအုပ်စုကိုရှာရန် ဟယ်ရှင်း၏ အဆောက်အဦးထဲမှ ဆွဲထုတ်​ခြင်းခံခဲ့ရသည်။ စစ်သင်တန်းပို့ချသူ ဘာပြောနေလဲ မကြားရဘဲ အားလုံးနောက်ကိုလိုက်ကာ ကွင်းပြင်ကို ပြေးဆင်းသည်။

"ငါတို့ပြေးတာ ဘယ်လောက်ကြာပြီလဲ" နင်အန်းသည်မသေချာသောကြောင့် ဟယ်ရှင်း၏လက်ကိုဆွဲလိုက်သည်။ သူအသက်ရှုကြပ်နေပြီ။ "ငါတို့ ဘယ်လောက်ကြာကြာ ပြေးရမှာလဲ"

"ငါတို့ အခုမှစတာလေ။" ဟယ်ရှင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်သည်။ "တစ်နာရီလောက် ပြေးရမယ်ထင်တယ်"

ဒါကိုကြားတော့ နင်အန်းက ပစ်လဲချင်သွားသည်။ သူသည် ဟယ်ရှင်း၏ အင်္ကျီကို နောက်တစ်ကြိမ် ဆွဲလိုက်သည်။ "သဘောကောင်းတဲ့အကိုကြီး၊ ငါမူးလာရင် ခေါင်းကိုမြေကြီးနဲ့မထိစေနဲ့။ ပြီးတော့ငါ့ကို ဆေးကုခန်း ပို့ပေးဖို့လည်းမမေ့နဲ့အုံး။"

Alphaနဲ့ Betaတွေကို အဖွဲ့ခွဲထားပေမယ့် မနက်ခင်းကတော့ အတူတူပြေးကြရသည်။ ဖုခယ်ပြေးကွင်းထဲ ရောက်လာတော့ Omegaလို့ထင်ရတဲ့ တိုက်မိခဲ့တဲ့သူကို တွေ့လိုက်ရသည်။ ပိန်ပိန်ပါးပါး လက်မောင်း၊ ခြေထောက်တွေနဲ့ ပင်ပန်းပြီးသန်းနေပုံကြည့်ရတာ Omegaနှင့် ပိုတူလာသည်။ နှစ်စဉ်နှစ်တိုင်း ခိုးဝင်လာတဲ့သူ အနည်းငယ်တော့ရှိသည်ဟု သူကြားသည်။ ထိုလူဘာစဉ်းစားနေတာလဲ သူလိုက်မမှီတော့ပေ။

"ဖု မင်းဘာကြည့်နေတာလဲ" ဒဲရစ်သည်လည်း ဖုခယ် လိုက်ကြည့်နေသည့် ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ နင်အန်းကို အားပေးနေသော ဟယ်ရှင်းကို ပထမဆုံးတွေ့လိုက်ပြီးနောက်မှသာ ဆွဲခေါ်ခံနေရသော နင်အန်းကို တွေ့လိုက်ရသည်။ "ဒီနှစ်ဝင်ခွင့် စံနှုန်းက အဲ့လောက်နိမ့်ရလား"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now