Ch.(22)

3K 585 5
                                    

Unicode

ဖုယွဲ့သည် သူမ၏အစ်ကို ဖုခယ်သည် မကြာသေးမီက အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ ဘယ်လောက်ထူးဆန်းလဲဆို မောင်နှမများ စကားပြောသောအခါတွင် ဖုယွဲ့သည်သာ မေးခွန်းများမေးပြီး ဖုခယ်က ဖြေလေ့ရှိသည်။ ဖုယွဲ့၏ spamမက်ဆေ့ခ်ျများအားလုံးသည် ဖုခယ်၏replyများကိုရွှေကဲ့သို့မြတ်နိုးစေသည်။ သို့သော် ဤရက်အနည်းငယ်တွင် ဖုခယ်သည် သူမကိုရှာပြီး စကားပြောရန် အမှန်တကယ် စတင်လုပ်ဆောင်ခဲ့သည်။

ဖုယွဲ့သည် ဖုခယ်ဖြစ်သည်ကို အတည်ပြုခြင်းမပြုမီ accကိုသေချာစစ်လိုက်ကာ စမ်းပို့ကြည့်လိုက်သည်။

[ဒဲရစ်၊ နင် ငါ့ကောရဲ့ ဂိတ်နဲ့ ထပ်ကစားနေတာလား? ငါ့ကောနဲ့ တိုင်ပြောအုံးမယ်။]

ဖုခယ်သည် 'ထပ်ပြီး' ဟူသော စကားလုံးကို အာရုံစိုက်ခဲ့ပြီး ဒဲရစ်နဲ့ နောက်မှတွေ့မယ်လို့ တေးထားလိုက်သည်။ သူ့လက်ကို ရွှေ့လိုက်ပြီး vcခေါ်လိုက်သည်။

တုံ့ပြန်မှုမရှိသည်ကိုတွေ့လိုက်ရသဖြင့် မုယွဲ့သည် သူမမှန်းဆတာမှန်သည်ဟုထင်ကာ ဒဲရစ်သည် ဖုခယ်၏ဂိတ်ကို ကစားရန်ထပ်ယူသွားသည်ပင်။ သို့သော် ရုတ်တရက် vcတောင်းဆိုမှုကြောင့် သူမ့ခွက်ပြုတ်ချလုနီးပါး ဖြစ်သွားသည်။ တုန်တုန်ယင်ယင်ဖြင့် သူမအစ်ကို၏ အမူအရာမဲ့သောမျက်နှာကို ဖွင့်ကြည့်လိုက်သည်။

“ကော…”

"အင်း၊ ငါပဲ။"

ဖုယွဲ့သည် ဖုခယ်၏နောက်သို့ တိတ်တဆိတ် ညွှန်ပြသည်။  "ကော၊ ဒဲရစ် အဝတ်မဝတ်ထားဘူး။"

“မြန်မြန်ဝတ်၊ သူများအပေါ် မကောင်းတဲ့ လွှမ်းမိုးမှုတွေ မဖြစ်စေနဲ့။" ဖုခယ်လှည့်ပြီး ပြောလိုက်သည်။

ဒဲရစ်က သူ့အဆောင်မှာ အဝတ်မဝတ်တာ ဘာဖြစ်လို့လဲလို့ ပြန်မေးချင်သည်။ ငါတို့အားလုံးက ဒီမှာ Alphaအထီးတွေပဲလေ၊ ဒါတောင် မင်းငါ့ကို စွပ်ထားခိုင်းနေသေးတယ်။ သို့သော် ဖုခယ်၏ တင်းမာသောအမူအရာနှင့် ဖန်သားပြင်ပေါ်တွင် ဖုယွဲ့၏မျက်နှာကို မြင်ပြီးနောက် ပါးစပ်ကိုပိတ်ကာ ကင်မရာမြင်ကွင်းမှ ရှောင်ထွက်လိုက်သည်။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now