Ch.(50)

2.4K 459 12
                                    

Unicode

Happy Holiday Extra Update++!!

"ဘာပဲဖြစ်ဖြစ် မနေ့က ငါတို့တွေ့တဲ့ ဂေါ်ပြားထက်တော့ ပိုကောင်းတယ်" ရှယုရှန့်က နင်အန်းကို ဒူးလေးနဲ့ မြှားတွေကို သိမ်းခိုင်းလိုက်သည်။ "ဒီနည်းနဲ့ ငါတို့သားရဲကြီးတွေနဲ့ ဝင်တိုးမိရင်တောင် တိုက်နိုင်မှာ"

“အင်း” နင်အန်းသည် ညပေါင်းများစွာ အိပ်မပျော်ခဲ့ပေ။ ရှယုရှန့်သည်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က တောထဲတွင်နေထိုင်ပြီးနောက် သိပ်ကြည့်ကောင်းခြင်းမရှိသောကြောင့် နင်အန်း၏အမှောင်စက်ဝိုင်းများကို အထူးသတိမထားမိပုံရသည်။

“သားရဲကြီးတွေကို ကျောင်းက လွှတ်ပေးတာဖြစ်ရမယ်။ ဘာတွေလွှတ်လိုက်မယ်လို့ မင်းထင်လဲ?"

“ကျား၊ ခြင်္သေ့ စတာတွေ ဖြစ်နိုင်တယ်” နင်အန်းသည် သမ်းချင်စိတ်ကို တွန်းလှန်ပြီး ရှယုရှန့်နှင့်မှီသွားပြီးနောက် ရုတ်တရက် ရပ်သွားသည်ကို တွေ့လိုက်ရသည်။  "ဘာဖြစ်လို့လဲ?"

"မင်းမှန်တယ်" ရှယုရှန့်က အတင်းပြုံးပြသည်။ “တကယ်ကို ကျားပါတယ်”

နင်အန်းသည် ရှယုရှန့်၏ အကြည့်နောက်သို့လိုက်ကာ ကြည်လင်သောအဝါရောင်မျက်လုံးများကိုမြင်လိုက်ရသည်။ နောက်တစက္ကန့်တွင် သစ်ပင်များ တုန်လှုပ်သွားလောက်တဲ့ ဟိမ်းသံကို ကြားလိုက်ရသည်။

"သစ်ပင်ပေါ်တက်!" ရှယုရှန့်သည် နင်အန်းကို မသိစိတ်က ဆွဲလိုက်ပြီး သစ်ပင်ပေါ်မတက်မီ ရက်စက်ကြမ်းကြုတ်သော သားရဲ၏ လက်သည်းများကို ရှောင်လိုက်သည်။

“တကယ်တော့ ကျားတွေ သစ်ပင်တက်နိုင်တယ်" နင်အန်းသည် သစ်ပင်ပေါ်တွင် ဝပ်နေသည်။ လက်တစ်ဖက်က ဒူးလေးကို ကိုင်ကာ သစ်ပင်အောက်မှာ လှည့်ပတ်နေတဲ့ သားရဲကို ချိန်ရွယ်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အရေးပေါ်အကူအညီခလုတ်ကို ကိုင်ထားသည်။ သားရဲသည် သစ်ပင်ပေါ်တက်ရန် ရည်ရွယ်လျှင် မြှားကို ချက်ချင်းပစ်ကာ အကူအညီခလုတ်ကို နှိပ်နိုင်မည်ဖြစ်သည်။

"ချီး၊ အဲ့အိပ်ရာဝင်ပုံပြင်တွေကတော့ လူတွေကို သေအောင်လုပ်နေတာပဲ" ရှယုရှန့်သည်လည်း ကျားသည် သစ်ပင်အောက်တွင် ပတ်ပတ်လည်သာ လှည့်ပတ်နေသည်ကို လျင်မြန်စွာ သတိပြုမိခဲ့သည်။ ရံဖန်ရံခါ သစ်ပင်၏ ပင်စည်ပေါ်သို့ ၎င်း၏ ရှေ့လက်သည်းများကို တင်ထားသော်လည်း တက်မလာခဲ့ပေ။ "လမ်းလျှောက်ပုံက နည်းနည်းထူးဆန်းတယ် မထင်ဘူးလား"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now