Ch.(3)

5.2K 861 3
                                    

Unicode

ဟယ်ရှင်းသည် နင်အန်း၏ မြေပုံကြည့်တာတောင် လမ်းမှားကိုသွားတတ်သည့် အရည်အချင်းကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ နှစ်ယောက်သား အချိန်အတော်ကြာ လှည့်ပတ်ပြီး လမ်းလျှောက်လာရင်း နောက်ဆုံးတော့ အဆောင်ကို ပြန်သွားကြသည်။ ထိုအချိန်တွင် အခြားအခန်းဖော် နှစ်ယောက်လည်း ရောက်လာသည်။

တစ်ယောက်က ကြယ်မြို့တော် ဇာတိဖြစ်ပြီး ချန်စစ်ယွီလို့ခေါ်သည်။ သူသည် အလွန်ကြံ့ခိုင်ပုံမပေါ်သော်လည်း ဟယ်ရှင်းကဲ့သို့ တည်ဆောက်မှု အနည်းနှင့်အများတော့ တူညီသည်။ နောက်တစ်ယောက်ကတော့ ဝမ်ရိလို့ခေါ်သည်။ နယ်စပ်ဂြိုလ်မှ လာတာဖြစ်သည်။ သူက အရပ်ရှည်ရှည်၊ သန်မာပြီး တစ်ကိုယ်လုံး အထိန်းအကွပ်မဲ့ အကြောက်တရားမဲ့မှုကို ထုတ်လွှတ်ထားသည်။

သူတို့လေးယောက်က သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီး ဂိတ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် addပြီးနောက် စကားစမြည်ပြောကြသည်။ ချန်စစ်ယွီသည် ရုပ်သိပ်မချောပေမယ့် အတင်းအဖျင်း အများအပြားကို သိသည်။  အစပိုင်းတွင် သူသည် တခြားဂြိုလ်မှအခန်းဖော်နှစ်ဦးအား ကြယ်မြို့တော်၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုကို မိတ်ဆက်နေဆဲဖြစ်သည်။  သို့သော် နောက်ပိုင်းတွင် ခေါင်းစဉ်က တဖြည်းဖြည်း လွဲသွားသည်။ နင်အန်းကိုပင်လျှင် စိတ်ဝင်တစားဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။

"မင်းသိလား?  ဒီစစ်ကျောင်းမှာ နှစ်တိုင်းကျောင်းသားတွေကြားထဲမှာ ရောနေတဲ့ Omega အနည်းအကျဉ်းတော့ ရှိတယ်လို့ ပြောကြတယ်။ ဘွဲ့ရတဲ့အထိ ကောင်းကောင်း ပုန်းအောင်းနေခဲ့တဲ့ Omega တစ်ယောက်လည်း ရှိခဲ့ဖူးတယ်။”

"တကယ်လား?" ဟယ်ရှင်းသည် ဤအရာများကို တစ်ခါမျှ မကြားဖူးဘဲ အထူးစိတ်ဝင်စားနေပုံရသည်။  “ပြောရရင် ဒီကျောင်းမှာ Alphaတွေ အများကြီးရှိပြီး သူတို့ရဲ့ pheromonesတွေကလည်း အရမ်းပြင်းတယ်။ Omegaတွေ သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့ အရမ်းခက်မှာ သေချာတယ်။” ယနေ့တွင် ဟယ်ရှင်းနှင့် နင်အန်းသည် Alphaအဆောင်ကို ဖြတ်သွားသောအခါ နှစ်ယောက်စလုံး အဆင်မပြေကြသဖြင့် အနည်းငယ် မြန်မြန်လျှောက်လာခဲ့ကြရသည်။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now