Ch.(31)

2.6K 523 5
                                    

Unicode

ဤတစ်ကြိမ်တွင်၊ သူတို့အား ကျွေးမွေးမည့်သူမှာ နင်အန်းဖြစ်သောကြောင့် တည်နေရာကိုလည်း နင်အန်းမှ ရွေးချယ်ခဲ့သည်။ လူတိုင်းကိုမေးပြီး ဟင်းပွဲများ မှာကြားပြီးနောက် နင်အန်းသည် သူ၏ လီမွန်ရည်ကို သောက်ရင်း ကုလားထိုင်ပေါ် ပြန်လှဲချလိုက်သည်။

"ငါတို့မင်းကို တကယ်ရှင်းခိုင်းရမှာလား? ခွဲရှင်းကြရင်ရာ?" ဖုခယ်သည် ငွေတောင်းခံလွှာကို အကြမ်းဖျင်း ကြည့်လိုက်သည်။ ဈေးကြီးတယ်လို့ မယူဆပေမယ့် ဈေးလည်းမနည်းပါဘူး။

"ငါကျွေးမယ်လို့ ပြောပြီးသွားပြီလေ" ဖုခယ်သည် ငွေစာရွက်မှ အကြည့်လွှဲသွားသည်ကို နင်အန်းက မြင်လိုက်ရသည်။  "မင်း စိတ်ပူစရာမလိုပါဘူး။ ငါ့မှာ စုထားတာတွေရှိတယ်။ ပိုက်ဆံအရင်ရှင်းဖို့ ဘယ်သူ့မှ အိမ်သာသွားချင်ဟန်ဆောင်ခွင့် မပေးဘူးနော်"

ဤသို့ပြောရင်း နင်အန်းသည် ဖုခယ်နှင့် ဒဲရစ်တို့သည် အဆင့်တွင် ပထမနှင့် ဒုတိယ ကျောင်းသားများဖြစ်ကြောင်း သတိရမိသည်။ "ဘာလဲ? လက်ထဲမှာ ပညာသင်ဆုရထားရတာ အဆင်မပြေဖြစ်နေလို့လား? ဒါဆို ငါ့ကိုပေးလိုက်လေ"

ဖုခယ်နှင့် ဒဲရစ်တို့သည် ငယ်စဉ်ကတည်းကပင် ဤအရာမျိုးကို အလွန်အလေးအနက်မထားခဲ့ကြပေ။ အကြောင်းမှာ သူတို့သည် ငယ်စဉ်ကတည်းက ဆုများစွာကို ရရှိခဲ့ပြီး သူတို့၏လက်များတွင် ထမ်းထားရသည့်အတွက် ပင်ပန်းရပေလိမ့်မည်။ ဖုခယ်၏ဘဏ်အကောင့်ရှိ စုစုပေါင်းလက်ကျန်ငွေမှာလည်း အလွန်များပါသည်။ ဒဲရစ်က ရယ်ပြီး သူ့အနာဂတ်မိန်းမအတွက် ချွေတာနေတယ်လို့တောင် ပြောဖူးသည်။

ဖုခယ်က ထူးထူးခြားခြား 'ကောင်းပြီ' လို့ ဖြေချင်ပေမယ့် နောက်ဆုံးမှာတော့ ဘာမှ မပြောခဲ့ပေ။ သူသည် ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေတစ်ငုံမသောက်မီ နင်အန်းကို နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။

နင်အန်းလည်း နောက်ပြောင်နေခဲ့သည်။ သူက ရယ်မောလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

Omegaအများအပြားသည် သူတို့၏ စားပွဲကို လှည့်ပတ်ကြည့်နေကြသော်လည်း ရှေ့တိုးလာပြီး စကားစမြည်ပြောရန် သတ္တိမရှိသောကြောင့် နင်အန်းနှင့် အခြားသူတို့သည် သာယာပျော်ရွှင်ဖွယ် စားသောက်ကြရသည်။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Dove le storie prendono vita. Scoprilo ora