Ch.(58)
2.5K 431 22
Unicode
ပွေ့ဖက်ပြီးနောက် ဟယ်ရှင်းအနည်းငယ်ရှက်သွားသည်။ သူသည် ဒဲရစ်၏လက်ထဲတွင် မိမိကိုယ်ကို မြှုပ်နှံထားပြီး မော့ကြည့်ရန် ငြင်းဆန်ခဲ့သည်။ "မင်းဘာလို့ဒီကိုရောက်လာတာလဲ?"
"ကိုယ်မင်းကို လွမ်းလို့လာခဲ့တာ"  ဒဲရစ်က ဟယ်ရှင်းရဲ့ ကျောကို ပွတ်သပ်ပြီး နှစ်သိမ့်လိုက်သည်။ ထို့နောက် မျက်နှာကို အုပ်ကာ နဖူးကို နမ်းလိုက်သည်။ နဖူးဖြင့် တယောက်နှင့်တယောက် ဖိ၍၊ သူတို့ရဲ့ အကွာအဝေးက အရမ်းနီးသည်။ ဟယ်ရှင်းသည် ဒဲရစ်၏ မျက်လုံးများတွင် သူ့ကိုယ်သူ ရောင်ပြန်ဟပ်နေသည်ကိုပင် မြင်နိုင်သည်။ "မင်းရဲ့ ပွဲလမ်းသဘင်တွေကို မှီပါ့မလားလို့ စဉ်းစားမိတယ်"
"အာ ငါအရမ်းစိတ်လှုပ်ရှားသွားတယ်" ဟယ်ရှင်းသည် ဒဲရစ်၏လက်ကို ကိုင်လိုက်သည်။ “ကားပေါ်တက်။ မင်းမှီပါသေးတယ်"
ဟယ်ရှင်း၏တုံ့ပြန်မှုသည် ပြင်းထန်လွန်းသောကြောင့် သူတို့နှစ်ဦး ကားပေါ်မှဆင်းသောအခါတွင် သူ့မိသားစုတစ်ခုလုံး ဝိုင်းရံနေခဲ့သည်။ ဟယ်ရှင်းသည် ဒဲရစ်ရှေ့မှာ ရပ်နေသည်။ "အဖေ အမေ၊ ဒါက ကျွန်​တော့်သူငယ်ချင်း။ သူကအားလပ်ရက်မို့ ကစားဖို့လာတာ”
ဒဲရစ်က မျက်ခုံးပင့်ထားသော်လည်း ဟယ်ရှင်း၏ စကားကို လိုက်နာဆဲဖြစ်သည်။ “မင်္ဂလာပါ အန်တီ၊ ဦးလေး။ ကျွန်တော့်နာမည် ဒဲရစ်လစ်ပါ။ ကျွန်တော်က ဟယ်ရှင်းရဲ့ သူငယ်ချင်းပါ။ ဒီကို ရုတ်တရက် လာရလို့ ဒုက္ခတွေအများကြီး မဖြစ်စေဖို့ မျှော်လင့်ပါတယ်”
နင်အန်းနှင့် နင်မုံ့တို့သည်လည်း ယခင်က ဤနေရာတွင် ရှိခဲ့ကြသည်။ ဟယ်ရှင်း၏ မိဘများသည် နောက်ထပ်မေးခွန်းများ မမေးတော့ပါ။ "ကြိုဆိုပါတယ် ဒါပေမယ့် မင်းနည်းနည်းနောက်ကျသွားတယ် ကောင်လေး။ မင်းငါတို့ရဲ့ အခမ်းအနား ဆုံးတာနဲ့တန်းရောက်လာတာပဲ"
ဟယ်ယန်က ဟယ်ရှင်းအနားမှာ ရပ်လိုက်ပြီး တံတောင်ဆစ်ကို လှမ်းတို့လိုက်သည်။ သူမ အသံကို လျှော့လိုက်ပြီး "မင်းသူငယ်ချင်းလား? ဘယ်လို သူငယ်ချင်းမျိုးက မင်းကို ဒီလို တုံ့ပြန်မှုကြီး ဖြစ်စေမှာလဲ”