Ch.(38)

2.5K 517 3
                                    

Unicode

ထိန်းချုပ်ရေးစင်တာသို့ ရောက်ရှိပြီးနောက် လူအုပ်စုကို ခွဲကာ စစ်ဆေးမေးမြန်းခဲ့သည်။ ထုံးစံအတိုင်း ဒဏ်ရာရရှိခဲ့သူ အနည်းငယ်သည် ပထမဦးစွာ ဆေးကုသမှု ခံယူခဲ့ရသည်။ အမှန်တော့ မေးစရာလည်း သိပ်မရှိပေ။ စောင့်ကြည့်ကင်မရာများသည် အရာအားလုံးကို ရှင်းလင်းစွာပြသထားသည်။ ဒီအဖြစ်အပျက်ရဲ့ခံရသူတွေဖြစ်တဲ့ဖုယွဲ့နဲ့ နင်မုံ့ကို ဝန်ထမ်းတွေက ကိုကိုးပူပူတစ်ခွက်စီ ပေးခဲ့သည်။ သူတို့နှစ်ဦးသည် စင်္ကြံတွင်ထိုင်ကာ ဖုခယ်၊ နင်အန်းနှင့် ချန်စစ်ယွီတိုး၏ ဆေးကုသမှုပြီးဆုံးရန် စောင့်ဆိုင်းနေခဲ့သည်။

"ဒဲရစ်" ဒဲရစ်သည် စစ်​မေးခန်းမှ ထွက်လာပြီးနောက် ဖုယွဲ့က သူ့ကို လှမ်းခေါ်လိုက်သည်။ "ဒီအဖြစ်အပျက်ကို ဘယ်လိုဖြေရှင်းကြမယ်တဲ့လဲ?"

“ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာအဖြစ် ဆုံးဖြတ်လိုက်ပြီ” ဒဲရစ်က ဝန်ထမ်းတွေကို ကိုကိုးပူပူတစ်ခွက် ပေးဖို့ အားမကိုးခဲ့ပေ။ လမ်းမှာ သံပုရာရည်တစ်ဘူးဝယ်ခဲ့ပြီး ဒီအချိန်မှာ နည်းနည်းပူနေသေးသည်။ သူသည် ပိုက်ကိုထည့်ကာ တစ်ငုံသောက်လိုက်သည်။ “နင်အန်းကBeta၊ သူ့ပြိုင်ဘက်အားလုံးက Alphaတွေ။ အဲ့အခြေအနေအောက်မှာ အားအပြည့်မသုံးရင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ၊ ဒါကြောင့် ဒါကိုကျိုးကြောင်းဆီလျော်တဲ့ မိမိကိုယ်ကို ခုခံကာကွယ်မှုလို့ ယူဆလို့ရတယ်တဲ့၊ ဦးကပြောလိုက်တာပဲ"

နင်မုံ့သည် ဤစကားကိုကြားပြီးနောက် စိတ်သက်သာရာရသလို သူမ၏တင်းမာသောအမူအရာလည်း ပြေလျော့သွားသည်။ ကိုကိုးခွက်ကို ကိုင်ထားတဲ့ လက်က တုန်ရီနေတာ ရပ်သွားသည်။

"အခုပြောမှ နင်အန်းက တကယ်ကို သန်မာတာပဲ" ဒဲရစ်သည် သူ၏ သံပုရာလက်ဖက်ရည် တစ်ခွက်ကို ယူလိုက်သည်နှင့် သူ့မျက်နှာသည် အချဉ်ပေါက်သွားသည်။ “Alphaတော်တော်များများက သူတို့ရဲ့pheromonesတွေကို ထုတ်လွှတ်ထားတာတောင် ဒီလိုအခြေအနေမျိုးမှာ အနိုင်ယူနိုင်သေးတယ်။ Pheromones​တွေရဲ့ သက်ရောက်မှု လုံးဝမရှိပုံပဲ”

“ငါ့ကောက Pheromonesတွေကို အာရုံမခံနိုင်ဘူး” နင်မုံ့သည် ကိုကိုးခွက်ကို ပို၍ တင်းကျပ်စွာ ကိုင်လိုက်သည်။ "သူ့မှာ pheromoneအာရုံခံပုံမမှန်တဲ့ရောဂါရှိတယ်"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now