Ch.(51)

2.4K 462 26
                                    

Unicode

"မင်းတို့နှစ်ယောက် ဘယ်လိုနေလဲ"

ဖုခယ်က နင်အန်းအကြောင်း မေးနေတာကို ရှယုရှန့်သိသည်။ "တော်တော်ကောင်းပါတယ်။ ငါတို့ ကံကောင်းပြီး တံဆိပ်အများကြီး ရှာနိုင်ခဲ့တယ်။ ကျားကိုမြင်တယ်မဟုတ်လား? နင်အန်းက မျက်လုံးနှစ်ဖက်လုံးကို ထိုးလိုက်တဲ့သူပဲ။ လည်ပင်းကနေ ဝမ်းဗိုက်အထိလည်း ခုတ်ချလိုက်တယ်။ ကျားကို သူ့ဘာသာသူတောင် သတ်နိုင်မယ်ထင်တယ်။ တကယ်တော့ ငါအများကြီး မကူညီခဲ့ပေမယ့် အမှတ်တစ်ဝက်တောင် ချီးမြှင့်ခံခဲ့ရတယ်" ရှယုရှန့်က ဈေးပေါပေါရပြီး အနည်းငယ်ရှက်သလို ခံစားရသည်။ “သူအမြဲတမ်း တိတ်တိတ်လေး သည်းခံနေတယ်ဆိုတာ ငါသတိမထားမိဘူး။ တော်သေးတယ် ငါတို့မင်းတို့နဲ့ ဝင်တိုးမိလို့၊ မဟုတ်ရင် ဒီနေ့ စားနပ်ရိက္ခာ ပြတ်သွားလိမ့်မယ်”

"အင်း၊ သူက အံ့သြစရာကောင်းတယ်" ဖုခယ်သည် စိတ်သောကရောက်သလို ခံစားရသော်လည်း အနည်းငယ် ဂုဏ်ယူမိကာ သူ့အမူအရာကို မသိလိုက်ဘဲ ထုတ်ဖော်ပြလိုက်သည်။

“မင်းငါ့ကို လေ့ကျင့်ပေးဖို့ တောင်းဆိုထားတာကြာနေပြီ။ သူ့ကိုအခုထိ မပြောသေးဘူးလား" ရှယုရှန့်က သူ့ကို တံတောင်ဆစ်နဲ့ ထိုးလိုက်သည်။ “ငါတို့ အခုချိန်ကစပြီး အတူတူသွားတော့မှာ၊ ဒါက အခွင့်ကောင်းပဲ။ လက်မလွှတ်သင့်ဘူးအာ"

"အင်း ငါလုပ်မှာပါ"

နင်အန်းက သူ့လည်ပင်းကို ထောက်လိုက်ပြီး ထထိုင်လိုက်တော့ သူ့စိတ်တွေ တဖြည်းဖြည်း ကြည်လင်လာသည်။ ဟယ်ရှင်းက သူနိုးလာတာကိုတွေ့တော့ "နင်အန်း၊ မင်းနိုးပြီလား? ဘယ်လိုနေသေးလဲ?"

"ကောင်းပါတယ်" နင်အန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းကို ကိုင်လိုက်သည်။ "မင်းတို့တွေကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်။ ညကျရင် ငါကင်းလှည့်ပေးမယ်"

ဖုခယ်က ငြင်းချင်ပေမယ့် ဒဲရစ်က သူ့ကို အဓိပ္ပါယ်ရှိတဲ့ အကြည့်တစ်ချက်ပေးပြီး ဘာမှပြန်မပြောနိုင်ခင် ဖြတ်ပြောလိုက်သည်။ “ကောင်းပြီ၊ ဒါပေမယ့် ပထမညဆိုင်းကို တစ်ယောက်ယောက်က တာဝန်ယူနေပြီဆိုတော့ ဒုတိယပိုင်းကို မင်းက စောင့်ကြည့်လိုက်ပေါ့"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now