Ch.(39)

2.5K 497 5
                                    

Unicode

“မင်းတို့တွေ အုပ်စုဖွဲ့ ရန်ဖြစ်ကြတယ်လို့အာ၊ ပြီးတော့ မင်းတို့က စစ်ကျောင်းက ကျောင်းသားတွေလေ။ မင်းက နာမည်သိပ်မကြီးပေမယ့် ဒီနှစ်ယောက်ကတော့ ကြီးတယ်" ချင်ကျောက်က ဖုခယ်နှင့် ဒဲရစ်ကို ထောက်ပြသည်။ “မင်းတို့နှစ်ယောက်ကို လူတချို့က အသိအမှတ်ပြုထားတယ်။ ဒီအဖြစ်အပျက်ကလည်း အရမ်းကြီးတယ်။ ဒီကိစ္စကို တခြားသူတွေသာ သိသွားရင် ကျောင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်။ ဒါကြောင့် စစ်သင်တန်းပို့ချပေးတဲ့ ငါတို့ဆရာတွေကို အကြောင်းကြားတာ။ မင်းတို့လူငယ်တွေကြောင့် ငါဒီညBlind Dateသွားလို့မရတော့ဘူး"

"ဘာဖြစ်တာမို့? ဘာပဲဖြစ်ဖြစ် blind dateတွေအကုန် အောင်မြင်တာလည်းမဟုတ်ဘဲနဲ့……” နင်အန်းက သူ့ကိုယ်သူ တိုးတိုးလေးပြောသည်။

"ကျောင်းသားနင်အန်း၊ မင်းရဲ့ အားလပ်ရက် အိမ်စာတွေ အကုန်ပြီးသွားပုံရတယ်အာ?" ချင်ကျောက်သည် တစ်စုံတစ်ယောက်ကို ရှာရန် ကြိုးစားနေပုံပေါ်ပြီး ပတ်ဝန်းကျင်ကို မကြည့်မီ အကြည့်စူးစူးဖြင့် ခြိမ်းခြောက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ "အတန်း4က Betaကျောင်းသားတစ်ယောက်လည်း ပါတယ်လို့ ကြားတယ်။ သူတို့ရဲ့ စစ်သင်တန်းဆရာက လောလောဆယ် မလာနိုင်ဘူး။ အတန်း4က ကျောင်းသား ဘယ်မှာလဲ"

"သူဆေးကုခန်းထဲမှာ ရှိနေတုန်းပဲ"

"ဆရာချင်၊ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျောင်းက ဘယ်လိုလုပ်လဲ?" သင်တန်းဆရာတစ်ယောက်တောင် ရောက်လာတယ်ဆိုတော့  ဖုခယ်နှင့် ဒဲရစ်သည် ဤအဖြစ်အပျက်၏ လေးနက်မှုကို သဘောပေါက်ခဲ့သည်။

“အဓိကတော့ ထိန်းချုပ်ရေးစင်တာက ဒါကိုဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကြည့်နေတယ်။ ဒါပေမယ့် ငါတကယ်ကို အံ့သြမိတယ်။ ထိန်းချုပ်ရေးစင်တာက ဝန်ထမ်းတွေက နင်အန်းကို အရမ်းအထင်ကြီးကြတာပဲ။ သူ့လုပ်ရပ်က ကျိုးကြောင်းဆီလျော်တဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုပဲဖြစ်ပြီး ဒီအဖြစ်အပျက်ကို ပထမဆုံးစတင်တဲ့သူတွေက မူးမူးနဲ့တခြားသူပါလို့ ပြောတယ်။ Omegaလည်း ရှိနေတယ်မဟုတ်လား" ချင်ကျောက်သည် သတင်းရရှိပြီး ရောက်လာသောအခါတွင် သူသည် နင်အန်းကို ခုခံကာကွယ်ရန် လိုအပ်မည်ဟု တွေးထားသော်လည်း လုံးဝမလိုအပ်ကြောင်းကို မည်သူက စိတ်ကူးနိုင်မည်နည်း။ “လူတစ်ယောက်ကို သူရဲကောင်းဆန်ဆန် ကယ်တင်တာ ဒါဒုတိယအကြိမ်လို့လည်း သူတို့ပြောတယ်”

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now