Ch.(47)

2.3K 470 9
                                    

Unicode

နောက်ဆုံးတွင် နင်အန်းသည် ​ပြည်သူလူထုလည်ပတ်ရေးနေ့အတွက် စေတနာ့ဝန်ထမ်းအဖြစ် စာရင်းသွင်းခဲ့သေးသည်။ ဤလေ့ကျင့်မှုထပ်တိုးခြင်းဖြင့် ဖုခယ်သည် သူ့ကိုရှာရန် ပို၍ပင်ခက်ခဲခဲ့သည်။ သူသည် လေ့ကျင့်ရေးကွင်းတွင် ပုံမှန်မဟုတ်သော အပြုအမူများ စတင်လာသောကြောင့် ကျောင်းသားအများအပြားက သူ့ရန်လိုမှုသည် rutဝင်နေခြင်းကြောင့်လားဟု တွေးလာခဲ့သည်။

"မင်း အဆင်မပြေဘူးလား?" သူငယ်ချင်းကို ကူညီပေးနေတဲ့ အတန်းဖော်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ရှယုရှန့်ဟာ အားလပ်ချိန်မှာ ဖုခယ်ရဲ့ဘေးမှာ လာထိုင်နေသည်။ "မင်းကိုယ်မင်း တားဆေးထိုးထားဖို့ ငါအကြံပေးချင်တယ်"

"ဘာဖြစ်လို့လဲ?" ဖုခယ်နားမလည်။

"မင်းရဲ့pheromonesတွေက  rutချိန်နဲ့ မနီးသေးဘူးဆိုရင်တော့ ထိန်းချုပ်ထားတာ အကောင်းဆုံးပဲ။ မင်းအရင်တုန်းက အမြဲတမ်းကောင်းကောင်း ထိန်းချုပ်တယ်မဟုတ်ဘူးလား" Alphaများသည် ပိုအားကောင်းလေ၊ ၎င်းတို့၏Pheromonesကို ထိန်းချုပ်နိုင်လေလေဖြစ်သည်။ ဖုခယ်သည် လက်ရှိတွင် အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရသည်။ “နည်းနည်းတော့ ဖိနှိပ်လွန်းတယ်။ ငါ့သူငယ်ချင်းတွေ အကုန်လုံး ဒုက္ခရောက်ကုန်ပြီ”

"ဆောရီး၊ ငါနည်းနည်းစိတ်တိုသွားတယ်။ ထိန်းလိုက်ပါ့မယ်။ ပြောပေးတဲ့အတွက် ကျေးဇူး"

“နင်အန်း အခုတလော အလုပ်များနေတယ်။ မင်းသူ့ကို ပြောဖို့ အခွင့်အရေး မတွေ့သေးဘူးလား”

“မဟုတ်ဘူး။ သူငါ့ဆီက ပုန်းနေတယ်ထင်တယ်" ဖုခယ်၏ စိတ်သည် ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူ၏pheromonesများသည် လေထဲသို့ ရုတ်တရက် ထွက်လာပြီး လူများကို အသက်ရှူရန် ခက်ခဲစေသည်။ ဖုခယ်က ချက်ချင်း ထိန်းချုပ်လိုက်ပြီး "တောင်းပန်ပါတယ် မင်းအဆင်ပြေရဲ့လား"

"ရပါတယ်" ရှယုရှန့်သည် ပြီးခဲ့သည့် စာသင်နှစ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အပြီးတွင် သူဝယ်ခဲ့သော တားဆေးများအားလုံးသည် အလွန်သန့်ရှင်းစင်ကြယ်ကြောင်း သိရှိပြီး တိတ်တဆိတ် ဝမ်းမြောက်မိသည်။ သူ့ခြေထောက်တွေ ခဏတာ အားနည်းသွားပေမယ့် တခြားလက္ခဏာတွေ မတွေ့ရပေ။ သေချာပေါက်၊ ပေးသလောက် ရတာပါပဲ။

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now