Ch.(48)

2.4K 455 4
                                    

Unicode

စာကျက်သည်ဖြစ်စေ မကျက်သည်ဖြစ်စေ နောက်ဆုံးစာမေးပွဲများသည် တစ်နေ့ပြီးတစ်နေ့ နီးကပ်လာပြီဖြစ်သည်။

စာမေးပွဲနီးသည်နှင့် ခေါင်းပြောင်နေတော့သည်။ ဤသည်မှာ လက်တွေ့ ကျောင်းသားအားလုံး၏ သရုပ်မှန်ဖြစ်သည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် ကျောင်းတွင် စာမေးပွဲသင်တန်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားသော အကဲဖြတ်သင်တန်းတစ်ခုလည်း ရှိခဲ့သည်။ ဆရာ၊ ဆရာမတွေ မေးခွန်းစာရွက်တွေထုတ်ဖို့ အချိန်အများကြီးယူစရာမလို​တော့ပေမယ့် ကျောင်းသားတွေကတော့ ဆွံ့အသွားကြသည်။

ချင်ကျောက်သည် အတန်းပြီးခါစ တစ်ကြိမ်တွင် ဒီအကြောင်း ပြောလိုက်သောအခါ၊ စင်မြင့်အောက်ရှိ ကျောင်းသားများရဲ့ ကမ္ဘာကျော် အော်ဟစ်နေသည့် ပန်းချီကားတစ်ချပ်လိုပုံကို ကြည့်ပြီး ပြုံးနေသည်။ နင်အန်းက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ခံစားရသည်။

ချင်ကျောက်သည် အတန်းပြီးခါစ တစ်ကြိမ်တွင် ဒီအကြောင်း ပြောလိုက်သောအခါ၊ စင်မြင့်အောက်ရှိ ကျောင်းသားများရဲ့ ကမ္ဘာကျော် အော်ဟစ်နေသည့် ပန်းချီကားတစ်ချပ်လိုပုံကို ကြည့်ပြီး ပြုံးနေသည်။ နင်အန်းက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ခံစားရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(T/N: ကမ္ဘာကျော် အော်ဟစ်နေတဲ့ပန်းချီပါ😆)

"သေချာပေါက်၊ ငါရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးပေါ့။ ဒီအကြံကို ကျောင်းကိုအဆိုပြုခဲ့ပေမယ့် ငါ့စကားကို တကယ်ကြီး နားထောင်မယ်လို့ ဘယ်သူထင်မှာလဲ?" ချင်​ကျောက်သည် အပြစ်ကင်းစင်သလို ဟန်ဆောင်ပြီး သူ့လက်များကို ဖြန့်လိုက်သည်။ “မင်း ငါ့ရဲ့ နံပါတ်တစ် တပည့်ပဲ။ သေချာပေါက် ပြဿနာရှိမှာမဟုတ်ဘူးလို့ ငါယုံတယ်"

"ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်" နင်အန်းက မကျေမနပ်နဲ့ ပြန်ဖြေသည်။

“အာ၊ ဟုတ်သား၊ မင်းဒုတိယနှစ်အတွက် ဘာရွေးချင်လဲလို့ ငါမမေးရသေးဘူးထင်တယ်။ မင်းဘာလုပ်ဖို့စီစဉ်ထားလဲ? နိုင်ငံရေးသိပ္ပံဆိုရင်ရော?"

ဟိုဘက်အ​ဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့ /ဟိုဘက္အဆောင်ကAကငါ့ကိုBဟန်ဆောင်နေတယ်တဲ့Where stories live. Discover now