Part 53 ( Unicode )

7.8K 486 29
                                    

"ဘာပေါက်ကရမှမလုပ်ဘူးနော် ကြားလား သုံးယောက်လုံး"

"သားသား ဒယ်ဒီပြောနေတယ် ဖြေလိုက်လေ"

"ဟုတ်ကဲ့ဂျ"

အမယ် ၊ အဓိက ခင်ဗျားလေးကိုပြောနေတာ ခ ရဲ့။
ဒီနေ့ RENO ကလဲ Company သွားရမှာ ၊ အကို Ram ကလဲ ဆေးရုံ ကိစ္စနဲ့မို့ တစ်ခါထဲ တူတူသွားမလို့ ဆုံးဖြတ်ထားသည်။

စိတ်မချရတာကတော့ အိမ်က ကလေးသုံးယောက်ပါ ၊ ခ ကလဲ ဘယ်လိုမွှေမလဲမသိ ၊ ဘုန်းခန့်လေးကလဲ ကိုယ်မရှိရင် ထိန်းမနိုင်သိမ်းမနိုင်လေးရယ်။

"ပြောနေတာကြားလား Baby"

"ကြားတယ်လို့ သွား သွားကြတော့လေ"

"အင်း စိတ်ချမယ်နော်"

တစ်ကယ်ပါပဲ Daddy ဟာလေ အပြင်သွားရမဲ့သူကို ပူရမှာကို အိမ်မှာနေခဲ့သူကို ပူနေရှာတာ ၊ မနက်ထဲက တစ်ခုပြီးတစ်ခုမှာနေလိုက်တာ မပြီးတော့ဘူး။

"အဟမ်း ! ကိုကိုသွားတော့လေ နောက်ကျနေဦးမယ်"

"အင်းပါ စိတ်ချမယ်နော် ဘုန်းခန့်လေးလာ ဒယ်ဒီ့ကို အာဘွားပေးပါဦး"

"အူးးးမွ"

"အာ လိမ်မာလိုက်တာကွာ လိမ်လိမ်မာမာနေခဲ့နော် ပါပါးကို ပင်ပန်းအောင်မလုပ်ရဘူး ကြားလား"

"ဟုတ်ကဲ့ဂျ"

ဟူး ! ကိုကိုဒီနေ့ Company သွားဦးမှာလား။လုပ်စရာတွေက တစ်ပုံကြီးပါဆို ခုထိ အိမ်ထဲကနေ မကြွနိုင်သေးဘူး။

"ဟျောင့် သွားပြီ ဘယ်မှာလဲ စာ ငါ့ကိုပြစမ်းပါ"

"မင်းကလဲ အေးဆေးပေါ့ အိမ်ထဲအရင်သွားမယ်လာ"

"ဘုန်းခန့်လေးကိုက ပါပါးချီမယ်နော်"

"ဟုတ်ကဲ့ပါခညာ"

စာ ဟုတ်သည် ၊ စာ ၊ ဒီနေ့မနက် ဟိုးဘက်အိမ်ကနေ ဒီဖက်ကို ဒိုင်ဗင် ထိုးဆင်းလာတဲ့စာ။

ငါ့သားသားလေးကို ဟိုအဖူးမ ထပ်ငြင်းလိုက်ပြန်ပြီလားမသိဘူး ၊ ကိုကို့ကိုလဲ သွားမပြောရဲဘူး ၊ သားသားလေး ပထမတစ်ခါ အငြင်းခံလိုက်ရထဲက အဲ့ဘက်အိမ်က ဟာတွေကို ကိုကိုကရှယ်တုတ်ချင်နေတာ။

ʀᴇɴᴏOnde histórias criam vida. Descubra agora