Part 10 ( Unicode )

14.5K 1K 27
                                    

"ခေါင်းတွေကိုက်လိုက်တာကွာ !!"

သေချာပြန်စဉ်းစားကြည့်မှ မနေ့ကအသောက်လွန်ပြီး ရန်ပါဖြစ်ခဲ့တာပဲ။နေပါဦး ငါ ကလပ်မှာဖြစ်ရမှာမလား ခုကဘယ်နေရာလဲ....

မျက်လုံးကဖွင့်မရတော့ လက်နဲ့ဟိုစမ်း ဒီစမ်း လုပ်ရင်း ရုတ်တရတ် သွား ထိမိတဲ့အရာကြီးကြောင့်

"အား မြွေကြီး !!"

အဟက် !! ပစ္စည်းလဲ တူတူပဲကိုကွာ သူ့ဘာသူလာကိုင်ပြီး မြွေကြီးတဲ့။နေပါစေအုံး ဒီဟာလေး ညက လူကို သေအောင်နှိပ်စက်ထားတာ , club မှာ အိပ်လို့ အဆင်မပြေတော့ အိမ်ပြန်ပို့ပေးရအောင်လဲ စိတ်မချတာမို့ ခကိုရော ဟိုညီလေးတွေရော စံအိမ်ထိ ခေါ်လာမိသည်။

ခ သူငယ်ချင်းတွေက ငြိမ်ပေမဲ့ ဒီကောင်လေးကတော့ ကိုယ့်လက်ထဲရောက်နေလို့ပဲ ဆိုးနေတာလားမသိ , တစ်ညလုံးအန်လို့ ရေချိုးပေးရတယ် , ရေချိုးပေးပြီး အေး၍ထင် လူကို အတင်းဖက်တယ် , ပူလာရင် ကုတင်ပေါ်က ကန်ချတယ်။မနက်ရောက်ခါနီးမှငြိမ်သွားတာ ဒါတောင်မပြီးသေးဘူး မေမေ မေမေဆိုပြီး အော်ငိုပြန်ရော , RENO လဲ မတတ်နိုင်တဲ့အဆုံး ခ ကို ရင်ခွင်ထဲဆွဲထည့်ကာ ချော့နေကြအတိုင်း ခေါင်းလေးကိုပုတ်ပေးရင်းသာချော့ရတော့သည်။

ပြန်အိပ်ပျော်သွားရင်လဲ သူမဟုတ်တဲ့အတိုင်း ခေါခေါနဲ့ နိုးလာတော့လဲ လက်လေးက အငြိမ်မနေ သူ့ကိုတင်းတင်းကျပ်ကျပ်ဖတ်ထားမိတာသိရင် နှစ်ပြားမတန် အဆဲခံရမှာမို့ အသာလွှတ်ပေးလိုက်တော့ ဟိုစမ်းဒီစမ်းနှင့် စထဲကအငြိမ်မနေတဲ့ကောင်ကိုမှ သွားထိမိသည်။ကိုယ့်ဟာကိုယ်တောင် မနည်းထိန်းနေရတာ မင်းသိရင်ကောင်းမယ်ကွာ။

ကျစ် !! အန္တရာယ်သိပ်များလွန်းတယ် ဒီဟာလေး။

"ခင်ဗျား......ခင်ဗျား !!"

"အင်း ကိုယ်လေ ဘာဖြစ်လို့လဲ"

လာပြန်ပြီ ဒီဘဲကြီး !! ရန်တွေ့မယ် ဆိုကာမှ ခေါင်းကကိုက်လာကာ မှတ်ညဏ်ထဲ ညကအဖြစ်အပျက်တစ်ချို့။

သွားပါပြီကွာ ဘယ်လိုတွေတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာတုန်း ဒါတောင် ရန်‌ပြန်တွေ့ချင်နေသေးတာ ခုနေ ထိုင်ကန်တော့ရင်တောင် မလုံလောက်တာကို !!

ʀᴇɴᴏWhere stories live. Discover now