Part 4 ( Zawgyi )

6.4K 221 0
                                    

ကျစ် !! လှရက်လိုက်တာကွာ,ဒီဝတ်စုံယူလာပေးမိတာ မှားသွားပြီလို့တောင် ထင်မိသည့်အထိ။ဒီကောင်လေးရဲ့ style က တွေ့လိုက်တိုင်း ပေါ့ပေါ့ပါပါးမို့ Suit ပြောင်းဝတ်တာနဲ့ပဲ ဒီလောက်ထိကြည့်ကောင်းသွားမည်လို့ မထင်ထား။

ရေလဲချိုးထားတဲ့ပုံမပေါ် ဒါပေမဲ့ ဘယ်လို ပြင်ပြင်ဆင်ဆင်နေရမလဲဆိုတာတော့ သိတဲ့ပုံပဲ။သူ့ဆံပင်ကို ကားရှေ့ခန်းက နောက်ကြည့်မှန်ကို ကြည့်ပြီး သပ်နေတာများ dinner တက်ရမှာ သူလား ကိုယ်လား မသဲကွဲ။

"ဟိတ်"

"ဘာလဲ !!"

ပြန်ဖြေတဲ့ပုံလေးကိုကကွာ ! နေရာတင်ကိုင်ဆောင့်လိုက်ရင် မကောင်းရှိတော့မယ်,တကယ်ပါဒီဟာလေးစောက်ချိုးကိုမပြေ။

"Dinner မှာ ကိုယ့်ရဲ့ တကယ့် Partner အစစ်လို နေပေးရမယ် ဘယ်လိုလဲ ဖြစ်လား"

"ငါးသိန်း"

"ဘယ်လို !!"

"ဘာလဲ ခ ဆိုတဲ့ကောင်ကိုလွယ်လွယ်ရမယ်လို့ထင်ထားတာလား"

"အော် အေးပါကွာ"

အဟက် !! ပြောချင်တာ သူဈေးမပေါဘူးပေါ့....

"အော် ရောက်ပြီထင်တယ် ကိုကို သွားရအောင်လေ..."

"Hummm,What ??"

ဒီအကို ငါတို့ Boss ကိုဘယ်လိုခေါ်လိုက်တာ,Boss ကိုကြည့်တော့လဲ ကြောင်တောင်တောင်..

"မရစ်နဲ့ ခင်ဗျား ! ကျွန်တော်က တန်ရာတန်ကြေးရတဲ့ အလုပ်ဆို အကောင်းဆုံးလုပ်တယ် ခင်ဗျားပဲ ခင်ဗျား Partner လိုနေဆို !"

ကျစ် !! ဒီဟာလေးနဲ့မှ RENO တစ်ယောက်ပြောစရာစကားတောင်ပျောက်,ပြောသေးတာ လူကို မရစ်နဲ့တဲ့။ခုမှသိတဲ့လူကိုလဲ ပိုက်ဆံလေးငါးသိန်းနဲ့ ကိုကိုလို့ ခေါ်ရဲတဲ့ အထိ ရဲတင်းလှသည်။

ခ , မင်းက တကယ်ဘာလေးလဲကွာ....

"လူကို အဲ့လောက်စိုက်ကြည့်မနေနဲ့ , ကျွန်တော်က ခင်ဗျား မိန်းမနေရာကနေရမှာဆိုတော့ ခင်ဗျားပဲ ကျွန်တော့ခါးကိုဖက်လိုက် လာ သွားမယ် !! အချိန်တစ်နာရီပဲရတာနော်"

"Hum , အေအေ"

မီဒီယာသာမားများနှင့်အတူ လုပ်ငန်းရှင်အတော်အများရှိနေသည်မို့ ထိုကောင်လေးရဲ့ ခါးကိုဖက်ကာ အခမ်းအနား အတွင်းသို့ဝင်လာခဲ့သည်။

ʀᴇɴᴏWhere stories live. Discover now