Part 40 ( Unicode )

9.1K 591 22
                                    

အဟက် !! ချစ်စရာလေးကွာ

ဗိုက်ပေါ်မျက်နှာလေးအပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာများ နိုးရက်စရာတောင်မရှိ။ခ က ငိုပြီး သူပြောချင်ရာတွေ ပလုံးပထွေးပြောနေတာ RENO ကြားပေမဲ့ တမင်မထ။

ဘယ်နှယ် ကိုကို‌အတိတ်မေ့နေလို့ဆိုပြီး တုတ်နဲ့ရိုက်ရတယ်လို့။ဒီအကျင့်တွေဘယ်သူသင်ပေးလိုက်လဲမသိ။ RENO ဖြစ်ကြောင်းကုန်စင်သတိရပြီးခါမှ ကိုယ့်ဗိုက်လေးပေါ်မှာ အိပ်နေတဲ့ ဘုန်းမာန်ခဆိုတဲ့ ကလေးလေးကို ခေါင်းအစခြေအဆုံးကြည့်မိတော့ နှပ်ချေး‌တွဲလောင်းလေးနဲ့ ကလေးက ဒီလို လှလှ ပပကြီးပြင်းလာသည်တဲ့လား။

ဒီကလေးသာ တစ်ခုခု ချွတ်ချော်ခဲ့ရင် RENO ရင်ကွဲမတတ်ဖြစ်ရမှာ။ငယ်ငယ်ထဲက အရမ်းချစ်ခဲ့ရတာကိုး။ဒယ်ဒီ့ကြောင့်သာ မှတ်ညဏ်တွေပျောက်ဆုံးမသွားခဲ့ရင် ခ ကို ကိုကို အဲ့အချိန်ထဲကနေ ခုထိ အနားမှာ ပိုးမွေးသလို ဥထားမိမှာ။

ကိုကို‌တောင်းပန်ပါတယ်ကလေးရယ်။ကိုကို ကတိမတည်နိုင်ခဲ့ဘူး။ကိုကိုသာ ခ အနားရှိနေရင် ခ ဒီလိုခက်ခက်ခဲခဲ ကြီးပြင်းခဲ့ရမှာမဟုတ်ဘူး။

တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ။ခုလို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပေးလို့။

ကိုကိုမှန်းသိနေတာကို ဘာလို့ အစထဲက မပြောလဲကွာ။ကိုကို့ကိုဘယ်လောက်တောင် စိတ်ဆိုးနေမလဲ။ငယ်ငယ်က သူ့ကိုထားပြီး တစ်ခြားကလေးတွေနဲ့ အဖော်လုပ်ပေးရင် ‌ခြေထောက်လေးကို ဆောင့်ဆောင့်တတ်တဲ့ ကလေးက ကိုကို မမှတ်မိတာ‌တောင်
သည်းခံပြီးနေနေတယ်တဲ့လား။

ခ ဘယ်လောက်စိတ်ကြီးပြီး ကိုယ့်အပေါ်ဆို အတ္တကြီးလဲဆိုတာ ဒီကိုကိုသာအသိဆုံးဖြစ်သည်။ ခ နဲ့ ပက်သက်တဲ့ မှတ်ညဏ်တွေပြန်ရသွားတော့မှ RENO သဘောပေါက်တော့သည်။

ဒီကလေး ညဖက်အိပ်ရင်း ငိုတဲ့အခါ တစ်ခါတစ်လေ ကိုကို ကိုကိုဆိုပြီးတော့လဲ တ တတ်သည်။အဲ့ဒီအချိန်ဆို RENO တစ်ယောက်ထဲ ဒေါသတွေထွက်ရပေမဲ့ နောက်ဆုံးတဲ့ ကိုကို့ကို တနေတာတဲ့လား ခ ရယ်။

ကိုကို အသုံးမကျတာပါ။ဂေဟာကမထွက်သွားခင် ခ ကို RENO သေချာပေါက် ကိုကို ပြန်လာခဲ့မယ်နော် လို့ ပြောခဲ့သေးသည်။
အဲ့အချိန်တုန်းက ကိုယ့်ကိုယ် တာ့တာပြရင်း မျက်ရည်လေးတွေကျနေတဲ့ ဒီကလေးပေါက် ကိုကို့ကို ဒီအချိန်အထိ ဘယ်လောက်တောင် စောင့်ခဲ့ရမလဲ။

ʀᴇɴᴏWhere stories live. Discover now