Part 52 ( Unicode )

7.3K 507 22
                                    

"တော်ပါရီ အချစ်ချို ချိတ်ကနာ"

"အပူတွေကို ထပ်မရိုချင်တော့ပါ....."

အမယ် အမယ် ၊ ဒီဟာလေး သူဆိုနေတဲ့ သီချင်းရဲ့ အဓိပ္ပာယ်ကောနားလည်ရဲ့မလားမသိ ၊ ဒီအချိန်ဆို အိပ်နေတတ်တဲ့ကလေးက ကျားသားမိုးကြိုး ကုတင်အောက်လေးမှာ ဒူးလေးတုတ်ထိုင်ပြီး သီချင်းဆိုနေတယ်ဆိုပဲ။

ရုပ်လေးကလဲ တစ်ခုခုကိုဝမ်းနည်းနေပုံ ၊ သူ့ပါပါးကလဲ ဘုန်းခန့်လေးကိုကြည့်ကောင်းနေတာ မချော့တဲ့ အပြင် သူပါ အလိုတူအလိုပါ ၊ ဘေးချင်းကပ်ထိုင်ပြီး ဖီးလ် နေတယ်ဆိုပဲ။

"ဟိတ် !!"

"အမလေး လန့်လိုက်တာ ကိုကိုရယ်"

အဟက် !!
ဟိုကလေးက တစ်ခုခုဖြစ်နေတာသေချာပါပြီ ၊ အမြဲ ဟိတ် ! ဆိုပြီး စရင် မယေး ! ဒယ်ဒီရယ် လန့်လိုက်တာလို့ ပြန်ပြောနေကြ ၊ ခုကျ မျက်နှာလေးကိုအောက်ငုံ့ကာ ကြမ်းပြင်ကိုလဲ သူ့လက်ညိုးလေးနဲ့ ဟိုခြစ် ဒီခြစ်လုပ်နေလေရဲ့။

"ဆောရီးပါဗျာ ကဲ လာ ဘာလို့ အောက်မှာ ထိုင်နေကြတာလဲ"

"ဒီလိုပါပဲ ကိုကိုရယ်"

"ဒီလိုပါပဲလဲ မရဘူး ထ အိပ်ယာပေါ်တက်"

"ဟုတ်"

ခ ကတော့ သူ့ဘေးက ဘုန်းခန့်လေးကိုကြည့်ပြီး ပါးလေးကိုညစ်ကာ ရွှတ်ခနဲနမ်းသွားပြီး အိပ်ယာပေါ်တက်သွားပေးမဲ့ ဘုန်းခန့်လေးကတောင် နေရာကကိုမရွှေ့။

"သားသား"

"ဂျာ"

"လာပါဦး ဒယ်ဒီ့နား"

"ယာဘူး !"

အမယ် ဒီကလေးအခု ဘယ်သူ့အားကိုနဲ့ ကိုယ့်ကိုယ်အော်လိုက်တာလဲ။

"သားသားရေ"

"ကြောရို့ !"

ကျစ် ! မရတော့ဘူး။

တစ်သက်နဲ့တစ်ကိုယ် RENO ကိုဒီလေသံနဲ့စကားပြောဖူးတာဆိုလို့ ခ ရယ် ဘုန်းခန့်လေးရယ်ပဲရှိသည်။

"အင့် ဒယ်ဒီ...."

"နမ်းနဲ့ ကြိုက်ဝူး !"

"မကြိုက်လဲနမ်းတယ်ကွာ ဒယ်ဒီ့ကလေးလေးမို့နမ်းတယ်ကွာ ချစ်လို့နမ်းတယ်ကွာ ဘာဖြစ်ချင်လဲကွာ"

ʀᴇɴᴏजहाँ कहानियाँ रहती हैं। अभी खोजें