Part 11 ( Unicode )

13.9K 991 29
                                    

"ခေါင် !! မင်းတွေ့ရာလျှောက်စားမနေနဲ့အဲ့တာခွေးစာတွေ"

"ဟမ်း !"

"ဟုတ်တယ် ဟိုးမှာတွေ့လား အိမ်ရှေ့မှာ ဟိုလက်ယားဒီလက်ယားပတ်သွားနေတဲ့ မင်းအဖေတွေ စားတဲ့ဟာ !!"

"ထွီးးး"

ငါတို့မှာ ကြက်သားနဲ့တောင် နှပ်မမှန်တာ ဒီအိမ်က ခွေးတွေက အမဲသားကိုမှ အကောင်းဆုံးဆိုတဲ့ဟာတွေကိုစားတာတဲ့လား။

"သူ့သူစားနေတာစားပါစေကွာ"

"ဘာဗျ !! အဲ့တော့ ခင်‌ဗျားက ကျွန်တော့သူငယ်ချင်းကိုခွေးလို့ပြောနေတာလား"

"မဟုတ်...."

"ဘာမဟုတ်တာလဲ သူကခွေးစာစားနေတာလေ အဲ့တာကိုခင်ဗျားက သိရဲ့သားနဲ့မတားတာ ဘာလဲ ! ကျွန်တော့ သူငယ်ချင်းကိုခွေးလို့ သတ်မှတ်တာလား ခင်ဗျားက"

"ကိုယ်....."

"တိတ်စမ်း !"

ကျစ် !! ဝင်ရှင်းပေးမှပဲ ရှုပ်တော့တယ် , ဒီဟာလေး ပြသာနာကိုမီးထွန်းရှာနေတဲ့နေရာမှာ ဆရာကြီးပဲ။သေးသေးလေးကနေ ကြီးကြီးသွားအောင် တမင်လုပ်နေတာလား လူကိုပဲကြည့်မရလို့ ရန်ရှာနေတာလား မသိ။

စံအိမ်မှာက ယောကျာ်းသားတွေပဲဆိုတော့ RENO စားဖို့က ဟင်းချက်တတ်တဲ့ M , K ကတစ်လှည့်စီလုပ်ပေးရသည်။

စားဖို့သောက်ဖို့ snacks တွေကတော့ ရေခဲသေတ္တာထဲအမြဲရှိသည်။ကျန်တဲ့ သူတွေကလဲ သူတို့ဟာသူတို့ လုပ်စားကြသည်။ထမင်းချက်ရယ်လို့သီးသန့်မရှိ။

ဒီမနက်မှ လူစုံနေတော့ Breakfast အတွက် RENO ခေါင်းစားနေရင်း K က Boss လွယ်လဲလွယ်တယ် ခနလေးနဲ့ရမဲ့ pancake လုပ်လိုက်မယ်ဗျ ဆိုလို့ ခွင့်ပြုလိုက်တာ , အဟက် ဟိုကလေးစားတာကို လွန်ပါရော။ ပုံစံနဲ့မှမလိုက် အချိုအအီဆို သိပ်ကြိုက်တတ်တာ။

တစ်ဖက်အခန်းတွင်

"အီးဟီး ခင်ဗျားကြီး ကျွန်တော့ကိုလာမထိနဲ့လို့"

"ပြောစမ်းပါဦး ဘာတွေအဲ့လောက်အော်ငိုနေတာလဲ , ညက‌တော့ ဟုတ်တယ် အဲ့နားလေး မြန်မြန်လေး ဆို"

"အဟင့် ဘာတွေလာပြောနေတာလဲ လူကြီးမရှက်ပေမဲ့ ကျွန်တော်ရှက်တယ်"

ʀᴇɴᴏWhere stories live. Discover now