Part 32 ( Unicode )

10.6K 729 23
                                    

"ကိုကို !!"

"အာ ဆောရီးကွာ ကိုယ်တစ်ကယ်မရည်ရွယ်ဘူး ခ ရဲ့ စာရင်းစာရွက်လေးကျန်ခဲ့လို့ ပြန်လာယူတာပါ"

ဒီလူသိပ်တော့မဟုတ်တော့ဘူး။ခ ဒီအိမ်ကိုရောက်ထဲက ရေချိုးပြီးတိုင်းရေချိုးခန်းထဲကထွက်လာတိုင်း အခန်းတံခါးဝမှာ ကိုကို။

ထားပါတော့ တစ်ခါနှစ်ခါ တိုက်ဆိုင်တာ , အဲ့လောက်က နားလည်ပေးလို့ရသေးတယ် ခုဟာက အမျိုးကိုမဟုတ်ဘူး။
တကယ်မရည်ရွယ်ဘူးသာပြောတယ်။ခ ရေချိုးပြီးထွက်လာတိုင်း ခ ကိုဝါးစားမတတ်ကြည့်ကာ သူ့အောက်ကဟာကြီးက သိပ်အငြိမ်နေချင်တာ မဟုတ်ဘူး။

တကယ်ပါ ခ လေ ကိုကို့ကို လုံးဝမကြောက်ဘူး ပွင့်ပွင့်လင်းလင်းပြောရရင် ရှိတယ်လို့ကို မထင်တာ။ဒါပေမဲ့ သူ့အောက်ကဟာကြီးတော့ လန့်နေရတယ်။ပြီးရင် လာသေးတယ် ကိုယ်ကပဲသူ့ကို မြူစွယ်သလိုဖြစ်နေတော့ နဂိုထဲကထိန်းမရတဲ့ဟာလေးကပဲ ခ ကြောင့် မာန်ကြွလာရသလို။

တစ်ခါတစ်‌လေ ခ တွေးမိတယ် , အဲ့ဟာကြီးကိုဖြတ်ပြီး ကိုကို့ကို တစ်သက်လုံးအနိုင်ကျင့်ပစ်မယ်ပေါ့ ဒါပေမဲ့ ငတ်မှာကလဲ ကြောက်ရသေးတယ် ရှိနေရင်လဲ အဲ့အကောင်ကိုပဲရှိန်နေရတာ။

"ခ မအေးဘူးလားကွာ အရင်ဆုံးရေခြောက်အောင်သုတ်မယ်နော် လာ ကိုယ်လုပ်ပေးမယ်"

"တော်ပါ အားတာလဲ မဟုတ်ပဲ‌နဲ့"

"ခ အတွက်ကတော့....."

"ဟိုး မလာနဲ့ မလာနဲ့ လူကို ထိမယ်တောင်မကြံနဲ့နော်"

"ဘာလို့လဲ ခ ရဲ့ အာ ကြောက်ပါတယ် ခ ရယ် အဲ့ Basketball ကြီးနဲ့တော့ မခြိမ်းခြောက်ပါနဲ့ကွာ"

ကြောက်ရတယ် တကယ် ဒီကလေးက အရမ်းလက်ဖြောင့်တာ။ကလေးရယ် မင်းပဲငတ်မှာ အားနေ ဒီဟာလေးကိုပဲ ခြိမ်းခြောက်နေတယ်။

"ယူစရာရှိတာ ရှိတာယူပြီးသွားတော့လေ ဘာလုပ်နေတာလဲ !"

"အင်းအင်း ရေပြောင်‌အောင်သုတ် အနွေးထည်ထူထူဝတ် ဆံပင်လဲခြောက်ပါစေနော် ပြီးရင် ဝတ်စုံလာကြည့်ပေးဦး ခ မှာထားတဲ့ ဒီဇိုင်းတွေရောက်နေပြီ"

"အင်း လာမယ် ခုတော့ ခင်ဗျား သွားတော့ !!"

ခ များ ယောင်ရမ်းပြီး သဘောကောင်းမိရင် ဒီအချိန်ကြီး တောင် တစ်ပွဲတစ်လမ်းတော့စမ်းချင်နေတဲ့ပုံပဲ။အတင်းကို မောင်းမထုတ်ရင် မထွက်တော့ဘူး။

ʀᴇɴᴏМесто, где живут истории. Откройте их для себя