Part 7 ( Unicode )

15.8K 1K 22
                                    

"ဟျောင့် Boss ကဘာလို့ သူ့အခန်းထဲက နှင်ထုတ်ခံလိုက်ရတာကို ပြုံးဖြီးနေတာလဲ"

"ငါလဲ ဘယ်သိမလဲကွာ"

K , M Boss အခန်းဘေးက ဘယ်သူမှမသုံးပဲ အလွှတ်ထားထားတဲ့ အခန်းကို လတ်တလောနေဖို့ အဆင်ပြေအောင် ပြင်ဆင်ပေးနေရသည်။ အိမ်ကို အကိုဘုန်းမာန်ခ ရောက်လာမှပဲ Mafia ကြီးတွေလဲ အလုပ်ပြောင်းလို့။

"M ခဏ"

"ဟုတ်ကဲ့ Boss"

M Boss ခေါ်သံကြောင့် အမြန်ပင် ဒီစံအိမ်ကြီးရဲ့ သီးသန့် meeting room ထဲ အပြေးသွားရသည်။

"Daddy ဘာပြောသေးလဲ"

"ကလေးတွေကို ကျွန်တော်တို့ ဖြတ်လုသွားတာသိတယ်ဗျ ဒါပေမဲ့ ခုတလော Boss ကိုခနခနခေါ်တွေ့နေရတဲ့အကြောင်းအရင်းက အဲ့တာမဟုတ်ပဲ အကိုဘုန်းမာန်ခ ကြောင့်လို့ ကျွန်တောင်ထင်တယ်"

ခ ဒီမှာ နေဖြစ်နေတာ ဒယ်ဒီမသိစရာအကြောင်းတော့မရှိ , အမြဲ လူလွှတ်ပြီး ‌စံအိမ်ကြီးရဲ့ နေရာစုံဒေါင့်စုံ cctv တွေလာတပ်ထားတာ ရိုက်ခွဲလဲ ခနမို့ RENO လဲကြာတော့ ဂရုမစိုက်ပဲနေလိုက်တော့သည်။

"ငါ ဒီတလော ဒယ်ဒီ့နားလုံးဝသွားမှာ မဟုတ်ဘူး ငါ့ကိုလာခိုင်းတိုင်း ကြည့်ကြပ်ငြင်းလိုက် ကြားလား သွားတော့ !!"

"ဟုတ်ကဲ့ Boss"

RENO တစ်ဖက်နိုင်ငံကိုပို့ရမဲ့စာရင်းတွေကြည့်နေရင်း အချိန်ကိုမကြည့်မိ ကျစ် !! ညနေ ၅နာရီတောင်ရှိပြီ။

ဟိုကောင်လေးခုထိ အခန်းထဲကထွက်မလာသေးဘူး။ အစားလဲမစားပဲတကယ်ဘာများလုပ်နေတာလဲ !!

လက်ထဲက စာရင်းတွေကို စားပွဲပေါ်တင်ကာ RENO တောင်မသိလိုက်ပဲ ခဆိုတဲ့ကောင်လေးရှိရာ အခန်းရှေ့ရောက်လာခဲ့သည်။

ကျစ် !! ငါဘာတွေလုပ်နေတာလဲ။ထားတော့ ရောက်ပဲရောက်လာပြီကို...

"ဒေါက် ဒေါက်"
"ဒေါက် ဒေါက်"

အိပ်နေတာများလား , တံခါးကိုအဆတ်မပြတ်ခေါက်နေပေမဲ့ အထဲက တစ်စုံတစ်ရာ အသံမကြားတာကြောင့် တံခါးကို ဖွင့်ကြည့်တော့

"Humm Lock မချထားဘူးပဲ"

တံခါးကို အသာဖွင့်ကာ အိပ်ရာပေါ်လှမ်းကြည့်တော့ လဲ မတွေ့ , ထွက်ပြေးသွားတာလားလို့ ထင်ရအောင်လဲ ထိုကောင်လေးအလိုချင်ဆုံးကပိုက်ဆံမို့ဒါလဲမဖြစ်နိုင်...

ʀᴇɴᴏWhere stories live. Discover now