Part 2 ( Zawgyi )

8.6K 244 0
                                    

"လီးလားလို့ ခင်ဗျား !! ဖယ်စမ်းပါ"

အဟက် !! ဒီကောင်လေးတော်တော်အဆဲသန်တာပဲ။အဲ့တော့ငါရှာနေတာမင်းပေါ့။

"ခ !!"

"ဘာလဲကွာ !!"

ဟုတ်တယ်,နဂိုထဲကမှ အာရုံနောက်နေပါတယ်ဆို ရှေ့က ခပ်ဖြောင့်ဖြောင့်ဘဲကြီးကတစ်မျိုး။ဒီကောင်တွေကတစ်မျိုး။

"ခင်ဗျား ခ ကိုဘာလုပ်လိုက်တာလဲ !!"

ကျစ် !! နာမည်က ခ တဲ့လား။

ခုနထဲက ဒီကောင်လေးကို မျက်တောင်မခတ်စိုက်ကြည့်နေမိတာ သူ့ကို ပြစ်ပြစ်ခါခါဆဲဆိုနေတာတောင် ဒေါသထွက်လို့ ထွက်ရမှန်းမသိတဲ့အထိပဲ။

ထို့နောက် ထိုကောင်လေးရဲ့ပုခုံးကိုဖက်ကာ လူကို ရန်တွေ့နေတဲ့ကောင်တွေကိုကြည့်လိုက်တော့ သူငယ်ချင်းတွေထင်တယ်။

တကယ် ကလေးလေးတွေပါလား။

ဘာလို့မှန်းမသိ ဒီကောင်လေးနားရှိနေရင် လူကပုံမှန်မဟုတ်တာကြောင့် လက်ထဲက ပစ္စည်းကိုအောက်ပစ်ချကာနေရာမှထွက်လာခဲ့သည်။

"ငါလိုးမသားကြီး ခင်ဗျား မိုက်ရိုင်းလိုက်ချည်လား !!"

ပြန်မလှည့်ကြည့်မိပေမဲ့ ခပ်လှမ်းလှမ်းကဆဲဆိုသံတစ်ချို့ကြောင့် RENO ပြုံးနေမိတာတော့ အမှန်။

"ခ တော်တော့ !!"

ခ က နဂိုကတည်းက စိတ်ဆက်တတ်တာပါဆို ဟိုဘဲကြီးက ဘာအချိုးချိုးသွားတာလဲ,ခ ဆဲလဲ ဆဲချင်စရာ !!

ဘဲကြီးပစ်ချခဲ့တဲ့ အဖြူရောင်ထုပ်လေးကိုကောက်ယူပြီးကြည့်လိုက်တော့ ပုံထဲက ပစ္စည်းနဲ့တစ်ပုံစံထဲ။

"ဟျောင့်တွေ ဒါပဲ !!"

"ပြ !!"

ခေါင်ရဲ့ လက်ထဲက အထုပ်ကိုဖြတ်လုကာ ကြည့်လိုက်တော့
အော် !! ခင်ဗျားက ဒီ ပစ္စည်းလာပေးတာပေါ့။

ငလူးပဲ ကောင်းကောင်းပေးလို့ရရဲ့သားနဲ့ ပစ်ချသွားတယ်စောက်ချိုးကိုမပြေဘူး,ကျွန်တော်နဲ့ နောက်ထပ်ထပ်မတွေ့စေနဲ့ ခင်ဗျား !!

"ခ ဘယ်လိုလုပ်ကြမလဲ ပိုက်ဆံတော့ရောက်လာပြီ"

အင်း ကတိတော့တည်သားပဲ ဘယ်ဆိုးလို့လဲ...

ʀᴇɴᴏWhere stories live. Discover now