Part 51 ( Unicode )

7.4K 488 9
                                    

"အဟမ်း !!"

"Baby လွန်မယ်နော်"

အော် Daddy ကတစ်မျိုး ၊ ခိုက်က ဘာလုပ်မှာမလို့ လွန်ရမှာလဲ။

"ဟိုလေ ခိုက် ငါနားလို့ရပြီလား"

ဟုတ်တယ်လေ ၊ ဒီကောင် မဟုတ်တော့ဘူး ၊ အိမ်ပြန်ရောက်ထဲက အခန်းထဲပေးမဝင်‌ပဲ အိမ်ပေါက်ဝကနေလက်ကြီးပိုက်ပြီး ပိတ်ရပ်နေတာ ၊ မောင်ကလဲ ဒီလိုအချိန်ကျတော့ ဘယ်ရောက်သွားမှန်းမသိ။

"နားရမှာပါ ဟို ငါ အကို့ကို ပြောစရာရှိလို့"

"အင်း ‌မြန်မြန်ပြောပါကွာ ၊ ငါနားချင်နေပြီ"

အိမ်ကို နှစ်ရက်လောက် ပြန်မလာပဲ အပြင်မှာ သာယာနေတဲ့သူကပဲ ပြောရတယ်ရှိသေးတယ် ၊ ဘာတွေများ လုပ်လာလို့ ဒီလောက်နားချင်နေတယ်မသိ။

"အင်းပါ ဟို ငါ သဘောတူတယ်လို့"

"ဟမ်း....."

"ငါသဘောတူတယ်လို့ ဒါပဲကွာ ငါသွားတော့မယ်"

"အော် အေအေ"

နောက်ဆုံးတော့ ခိုက်က မောင့်ကို သဘောကျသွားပြီထင်တယ် ၊ သဘောတူတယ်ဆိုတာကို မပြောချင်ပြောချင်နဲ့တော့ ပြောသွားလေပြီ။

"အာ့"

"Baby !! အဆင်ပြေရဲ့လား"

အင်း မေးဖော်ရလို့ပဲတော်တော့တယ် ၊ လူကို မတော်မတရားတွေ လုပ်ထားပြီး အဆင်ပြေရဲ့လားဆိုပဲ။

"ချီ !!"

"ဟင် Baby ဘာ‌ပြော..."

"ချီလို့ !!"

တကယ်လဲ ခိုက် လမ်းမလျှောက်နိုင်တော့တာပါ ၊ ပေါ်တော်မူကြီး အိမ်ပြန်လာတယ်ပြောလို့သာ ခိုက်မှာ မနည်း အောက်ဆင်းလာရတာ။

"ချီပါပြီဗျာ မျက်နှာလေးတော့စူပုတ်မနေနဲ့ပါနဲ့ ကိုယ်မနေတတ်တာလဲ သိရဲ့သားနဲ့"

အပိုတွေက ပြောတော့မယ် ၊ နေပါစေဦး အခန်းထဲရောက်မှကို ထုထောင်းပစ်ဦးမယ်။

"ဒေါက်တာရှင့်"

ကျစ် !! ဘယ်ကဟာတွေလဲကွာ Baby နေမကောင်းပါဘူးဆို။

"Daddy ခနချ"

"အင်း Baby"

"ဒီက အမ ဘယ်သူ့ကိုရှာတာလဲ အိမ်ထဲကိုဘယ်လိုဝင်လာတာလဲ"

ʀᴇɴᴏWhere stories live. Discover now