Part 18 ( Zawgyi )

4.2K 148 0
                                    

အားးးးးးးးးးးးး

ပြန်မယ် ဒီမှာမနေဘူး ပြန်မယ်ကွာ !!

ငါ , ငါဘာစကားတွေပြောလိုက်မိပါလိမ့်။

အမှန်တော့ ကိုကိုက ငါပိုင်တယ်ဆိုတာ ခ ငယ်ငယ်ထဲက နှုတ်ကျိုးလာတဲ့စကား , ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကို လွယ်လွယ်လေးနဲ့ သူစိမ်းရှေ့ထုတ်ပြောလိုက်စရာလား။

ခ တကယ် ကို ဘဲကြီးနဲ့ဆို ကိုယ့်ကိုယ်ကိုယ်တောင် အထိန်းအချုပ်မရှိတဲ့ထိ လွတ်လွတ်လပ်လပ်နေတတ်နေတာ , ပြောချင်ရာတွေပြောခဲ့ပြီးမှာ ရှက်ရမ်းရမ်းသွားတာ ဘဲကြီးရိပ်မိသွားမှာစိုးလို့ ပိတ်ဟောက်ခဲ့ပေမဲ့ , အိမ်ထဲလဲ ပြန်ရောက်တော့ ခ မျက်နှာထားစရာမရှိလောက်အောင်ပါပဲ။

ခပြောတာကြားသွားတဲ့ ဒီစံအိမ်က အလုပ်သမားတွေကလဲ ခ ကို ကွက်ကြည့်ကွက်ကြည့်နဲ့မို့ ခ အလွန်နေရခက်လာသည်။ဘေးကနေ ပွဲကြည့်နေတဲ့ နှစ်ကောင်ကလဲ ခ ကို ကြည့်ပြီး ရီနေပြီ။

စောက် သူငယ်ချင်းကောင်းလေးတွေ အားနေရင် လူကို ခနဲ့ ဖို့ပဲ။ဒါတွေအကုန်လုံးက ဟိုမိန်းမကြောင့်ဖြစ်ရတာ , ဘဲကြီး ခင်ဗျားလဲပါတယ်။

ရှက်လိုက်တာကွာ.....

"ခ....."

အာ , လာပြီလားဟ။

"ဘာလဲ !!"

အဟက် !! ဒီဟာလေး ရှက်ရမ်းရမ်းပြီး လူကို ဇွတ်အော်နေတယ်။

"ကိုယ် ခ ကြိုက်တဲ့ ဒံပေါက်ဝယ်ထားပေးတယ် စားလိုက်နော် နေ့လည်တောင် ရောက်တော့မယ်"

"စား , စားမှာပေါ့ !! မနက်စာနဲ့နေ့လည်စာပေါင်းစားပေးတာ ခင်ဗျား အကုန်အကျသက်သာအောင် ဘာဖြစ်လဲဗျာ !!"

"အင်းပါ ကိုယ်က ဘာပြောလို့လဲ သွားစားလိုက်ဦးသွား"

"သွားမှာ !!"

ဒံပေါက်သာသွားစားခိုင်းလိုက်ရတာ ဒီဟာလေး မျက်နှာရော သစ်ခဲ့ရဲ့လားမသိ , ရေချိုးတာလဲ အချိန်အတိအကျနဲ့ တနလ်ာနေ့ဆို သူရေမချိုးရမဲ့နေ့တဲ့လေ , တကယ်လဲ အဲ့နေ့ဆို ရေမချိုးပါဘူး တကယ် ကိုညစ်တီးညစ်ပတ်လေး။

ခုလဲ ညအိပ်ဝတ်စုံတောင် မလဲပဲ သူ့ဆံပင်လေးကို အပေါ်သပ်ကာ Reo ကိုပွေ့ရင်း ထမင်းစားခန်းထဲဝင်သွားသည်။

ʀᴇɴᴏWhere stories live. Discover now