Part 37 ( Unicode )

9.3K 615 20
                                    

ယနေ့ ဒယ်ဒီ့ကို အသုဘချတဲ့ချတဲ့နေ့။လူအများအပြားလာတဲ့ အပြင် RENO , Ram မနက်ထဲက အလုပ်ရှုပ်နေသဖြင့် သူတို့ ကလေးတွေကို မကြည့်အား။

ခ ကလဲ သူ့ကိုလိမ်ပြီး အိပ်ခိုင်းတယ်၊ဘယ်သူမှ အပြင်ပေးမသွားဘူးပြောပြီး ကိုကိုလိမ်မယ် ကိုကို့ကိုမုန်းတယ်ဆိုပြီး ငိုပါ လေရော။ဒီနေ့တစ်ရက်လုံးလဲ တစ်မိုင်မိုင်တစ်ထွေထွေ။

ခိုက်ကတော့ အဆိုးဆုံးပေါ့။တောင်းပန်ပါတယ်လို့သာပြောနေသည်။ဒီအချိန် ထိုကလေးနှစ်ယောက်ကို ဂရုစိုက်ပေးရတာကတော့ ခေါင်။ဖြစ်ကြောင်းကုန်စင်သိတော့ ခိုက်ကို ဆူငေါက်သေးသည်။မင်းသာသောက်မိရင် ငါရင်ကျိုးရမှာဆိုပြီး။

Ram အဲ့ခံစားချက်ကို အပြည့်အဝနားလည်ပါသည်။ဒီလိုနဲ့ ဒယ်ဒီ့ရဲ့ ဈာပန ကတော့ ပြီးဆုံးသွားလေပြီ။ဒါပေမဲ့ ဒယ်ဒီက အသည်းကင်ဆာဖြစ်ပြီး သေလုနီးပါးဖြစ်နေတာတော့ သူ့ရဲ့သားအရင်း Ram ကလွဲရင် ဘယ်သူမှမသိလိုက်။

RENO , Ram ဧည့်သည်းတွေနဲ့ စကားပြောနေတုန်း။ခေါင်ကလဲ သိမ်းဆည်းနေတုန်း အခန်းထဲမှာ ငုတ်တုတ်လေးထိုင်နေကြတာကတော့ ခ နဲ့ ခိုက်။

"ဟျောင့် မင်းကြောင့်မဟုတ်ဘူး အဲ့လိုမငိုနဲ့ ငါမကြိုက်ဘူး"

"အီးဟီး မင်းပြောတာမှန်တယ် အဲ့အဖိုးကြီးက လူကြီးအပေါ်တော့ကောင်းတာကို ငါကလေ လူကြီးအပြင်သွားရင် သူ့ဒယ်ဒီနားသွားမယ်မှန်းသိလို့ အင့် အရှေ့ကနေ ကာစီးကာစီးနဲ့ ဗြဲ..."

"အဲ့တာတွေမတွေးနဲ့တော့ ကောင်းဖို့ဖြစ်လာတာပဲ မင်းလဲမမှားပါဘူး"

"ငါ ငါလေ လူကြီးကို အရမ်းအားနာတာပဲ အင့် ငါသာ တစ်ဖက်သက်တွေ တွေးပြီး မဆိုးမိရင် အီးဟီး....."

ဒီလိုနောင်တ‌တွေရမှာဆိုးလို့ ခ အစထဲကကြိုပြောခဲ့တာ။ခိုက်က အဲ့အဖိုးကြီးနဲ့ ပက်သက်ရင် ခါးခါးသီးသီးကို ဖြစ်ခဲ့တာမို့ ခ က ကြိုကိုပြောခဲ့တာ။

"အင့် မင်းက အဲ့လိုပြောတော့ ငါလဲ ဘာထူးလို့လဲ ငါ့ကြောင့် ကိုကိုနဲ့ သူ့ဒယ်ဒီနဲ့ အီးဟီး...."

ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်ဖက်ငိုကာ အချင်းချင်းနှစ်သိမ့်ပေးရှာသော သူငယ်ချင်းနှစ်‌ယောက်ကို အပြင်ကနေ လက်ပိုက်ကြည့်နေသူမှာ RENO , Ram

ʀᴇɴᴏWhere stories live. Discover now