Part 31 ( Unicode )

10.8K 740 19
                                    

"ကလင် ကလင် ကလင်"

"အစည်းအဝေးဗျို့ အ‌စည်းအဝေး"

"ကလင် ကလင် ကလင်"

ဒီကလေး ဒီခေါင်းလောင်းကိုဘယ်နားက သွားရှာလာတယ်မသိ။နေမကောင်းသေးလို့ အခန်းထဲပဲနေဦးဆိုတာကို မဟုတ် , ရေလဲချိုးပေးရတယ် , ရေချိုးပြီးတော့လဲ အဝတ်အစားအသစ်တွေဝတ်ပြီး အိမ်ထဲနေတာကို ခ ရဲ့တပ်လက်စ မျက်မှန်လေး ချွတ်ပြီး ‌နေကာမျက်မှန်လေးကကောက်တပ်ထားသေးတာ။

ဆံပင်ကလဲ ရှည်နေပြီဖြစ်တာကြောင့် သူ့မျက်လုံးထဲရှုပ်နေလို့ထင်သည် သေသေချာချာကို ဂျယ်နဲ့ အပေါ်ပင့်တင်ထားတာ။

အပိုမပြောဘူး ဒီကလေးက တကယ်ကိုလှသည်။မြင်သူတိုင်း တစ်ဖန်ပြန်ငေးချင်စရာကောင်းတဲ့ ‌ရုပ်ရည်မျိုးရှိသလို ဘုန်းမာန်ခဆိုတဲ့ကလေးက မြင်လိုက်တာနဲ့ ငါဒီလူကိုအားကိုးချင်တယ်ဆိုတဲ့စိတ်မျိုး ဝင်မိတာ မဟုတ်ပဲ ငါ ဒီကလေးကို စောင့်ရှောက်ပေးချင်တယ် ပိုင်ဆိုင်ချင်တယ် သိပ်ကို တပ်မက်မိတယ် ဆိုတဲ့စိတ်မျိုးဝင်မိသည်။

"ကိုကို ခနထိုင်ဦးနော်"

"အင်းအင်း"

"ကလင် ကလင် ကလင်"

"အစည်းအဝေးဗျို့ အစည်းအဝေး"

အဟက် !

ဘာတွေမွှေဦးမယ်မသိ အလုပ်လုပ်နေတဲ့လူကို အတင်းဆွဲခေါ်ကာ အိမ်လည်ခန်းဆိုဖာမှာထိုင်ခိုင်ပြီး ခနနေဦးတဲ့ ပြောချင်တာက သူကျန်တဲ့သူတွေ သွား‌ ခေါ် ဦးမယ်ပေါ့။တကယ်ပါ အဲ့ကလေးလက်ထဲ ခေါင်းလောင်းကိုဘယ်သူထည့်သွားတာလဲ။

"ကျွန်တော်ပါ Boss"

"What ??"

"Boss နဲ့တူတူနေလာတာ ကြာပါပြီဗျာ Boss မျက်နှာကိုကြည့်တာနဲ့ ဘာတွေးနေလဲ သိပါတယ် အကိုဘုန်းမာန်ခ ကို အဲ့ခေါင်းလောင်းပေးလိုက်တာ ကျွန်တော်ပါ"

"အော် အေအေ"

"နေစမ်းပါဦး မင်းကကော ဘာလို့ဒီမှာထိုင်......"

"အကိုဘုန်းမာန်ခ ခေါ်ထားလို့ပါ"

"အော်"

တကယ်ကို ဘာစကားမှပြန်မပြောတတ်တော့တာ RENO ပါ။
ဘယ်လိုဟာလေးတွေနဲ့ လာတွေ့နေမှန်းကိုမသိဘူး။

ʀᴇɴᴏWhere stories live. Discover now