Part 47 ( Zawgyi )

2.5K 91 0
                                    

"အဟမ်း !!"

"ဟျောင့် ခိုက် ဖယ်စမ်းပါ ငါ Company နောက်ကျနေပြီ"

"မရဘူး ဒီနေ့ အကို Company မသွားရဘူး ငါပြောစရာရှိတယ် ပြီးတော့ ဘယ်မှာလဲ ဟိုမင်းခန့်နိုင်ဆိုတဲ့ကောင် !!"

ခိုက်ကတော့ ပွဲကြမ်းတော့မယ်ထင်တယ် ၊ မနက်စောစောစီးစီးသူ့အသံကြီးပဲ။ အကို Ram ကတော့ ဝင်တားမဲ့ပုံမပေါ် ၊ သူ့ကလေး ဘာလုပ်လုပ် လုပ်ချင်တာလုပ်ဆိုပြီးလွှတ်ထားပေးမဲ့ပုံပဲ။တော်သေးတယ် ဘုန်းခန့်လေးက ကိုကိုနဲ့ အပြင်သွားလို့။

"ကျွန်တော့ကိုရှာတာလား အကို"

"အေ မင်းကိုရှာတာ ထိုင်ပါဦး"

အဟက် !! ထိုင်ဆိုတော့လဲထိုင်ရတာပေါ့။

"အကို !! ခင်ဗျားလဲဘာလုပ်နေတာလဲ ထိုင်"

"ဟမ်း အေအေ"

ညီအစ်ကိုတွေ ပွဲကြမ်းတော့မဲ့ပုံ ၊ အကို Ram ကတော့ ခိုက်ကိုကြည့်ထားပေးနော် ၊ ဆေးရုံခန ဆိုပြီး သွားလေပြီ။

ခိုက်က ဒေါသလဲထွက်နေပုံမို့ ၊ ဒီပွဲကတော့ ခ မပါလို့မရ။ ဘာလို့ဆို ကိုယ်က ခေါင့်ကို ဒီကလေးနဲ့သဘောတူသည်လေ။ အကယ်၍ ခိုက်သာ အေးအေးဆေးဆေး သဘောမတူခဲ့ရင် ခ ကိုယ်တိုင် ခိုးပြေးခိုင်းဖို့ မင်းခန့်နိုင်နှင့်အစီအစဉ်ဆွဲပြီးသား။

ကြာပါတယ် ၊ ကြားထဲဝင်ထိုင်ဦးမှပါ။

"ကျွန်တော်မေးမယ် အကိုကပဲဖြေ"

"......."

"အကိုနဲ့ဒီကောင်လေးနဲ့ကဘာတွေလဲ"

"......."

ဟာ ၊ အဲ့လိုမေးမှတော့ ခေါင်က ဘာဖြေရမှာလဲ ၊ သူတို့နှစ်ယောက်ကခုထိဘာမှမှမဟုတ်သေးတာ။

ခ တစ်ယောက် ဝင်ပါချင်သော်လည်းပါလို့ရတဲ့အနေအထားကမဟုတ်ဝောာ့ ပွဲကြည့်ရင်းသာ ငြိမ်နေရတော့သည်။

"ခင်ဗျားမဖြေရင် မောင်ဖြေမှာနော်"

ဟ ! ဒီကောင်ကတော့စားပြီ ၊ ဟိုကဖြင့် သူ့ကိုမကြည်ပါဘူးဆိုကွာ။

"ဘာ !! အခုမင်းကိုယ်မင်းဘယ်လိုသုံးနှုန်းပြီးပြောလိုက်တာလဲ"

"နေ နေဦး ခိုက် ငါပြောပြမယ်"

"ကျစ် ! အကိုမြန်မြန်ပြောရင်ကောင်းမယ်နော်"

ʀᴇɴᴏWhere stories live. Discover now