Part 50 ( Unicode )

7.8K 521 11
                                    

"ကိုကို !!"

"ဗျ"

"ဘုန်းခန့်လေးရော"

"သွားပြီ"

"ဘယ်ကိုလဲ ကိုကိုရဲ့"

"ပါသွားပြီ အကိုနဲ့"

သိတယ် ၊ သိတယ် ၊ ပါသွားတာမဟုတ်ပဲ ထည့်လိုက်တာနေမှာပေါ့ ၊ ကိုကို့အကြံကို ခ မသိရင်ခက်မယ်။

"ဘယ်သွားကြတာလဲ ခိုက်တို့က"

"ဘုန်းခန့်လေးကို ကစားကွင်းလိုက်ပို့ပေးရင်း အရုပ်လေးတွေဝယ်ပေးမလို့တဲ့"

"......."

မထင်ပါဘူးနော် ၊ ဘုန်းခန့်လေးကို ကစားကွင်းလိုက်ပို့ပေးလိုက်ပါလို့ ကိုကိုကပဲ ပြောထားတာနေမှာပေါ့။

ထားပါလေ ၊ ဒီတစ်ရက်တော့ ကိုကို့ကို ရန်မတွေ့ပဲနေဦးမှပါ ၊ ကိုကိုက အခုရက်ပိုင်း အလုပ်တွေနဲ့ ပင်ပန်းပြီးအိမ်ပြန်ရောက်ရင်လဲ ဘုန်းခန့်လေးအနားနေပေးရတာမို့ သူ့မှာ အားတယ်လို့ကိုမရှိ ၊ ပြောရမယ်ဆိုရင် ခ အနားကို မကပ်နိုင်ရှာတာပါ။

"ကိုကို လာဦး ခ နား"

"လာပါပြီဗျာ ဘာလိုချင်လို့လဲပြော"

"ခ ကိုဖက်ထားပေး"

ကျစ် ! ဒီကလေးလူကိုရှယ်ချွဲနေပါလား ၊ ဖက်ထားပေးပါဆိုလို့ ခ ရဲ့လက်လေးကို အသာအယာဆွဲပြီး ရင်ခွင်ထဲထည့်လိုက်တော့ လူကို သနားကမားမျက်လုံးလေးတွေနဲ့မော့ကြည့်လေရဲ့။

"ဟော ဘာကိုဝမ်းနည်းနေတာလဲ ကလေး‌လေးရဲ့"

"ဟင့်အင်း ဝမ်းနည်းတာမဟုတ်ဘူး ခ ပျော်လို့"

အင်း ဟုတ်တော့ဟုတ်နေပါပြီ ၊ ဒီကလေးကလေ သူ့ကို ချစ်အောင် အသဲယားအောင် သိပ်လုပ်တတ်သည်။

"ကိုကို ပင်ပန်းတယ်မလားဟင်"

"ကိုကိုကဘာကိုပင်ပန်းရမှာလဲခင်ဗျာ"

"ခ က ဆိုးတယ်လေ ကိုကို့ကို ဆို အရမ်းနိုင်တာ ကိုကိုမပင်ပန်းဘူးလားဟင်"

"ကျစ် ! ကလေးလေးရယ်"

"........."

"ကဲ ပေါက်က‌ရတွေပြောနေမဲ့အစား လာ အပြင်မှာမိုးရွာနေတယ် ခ က မိုးကြိုက်တယ်လေ ‌မိုးရေထဲ ဆော့ချင်လား ကိုကို အကျီသွားယူပေးမယ်"

ʀᴇɴᴏDonde viven las historias. Descúbrelo ahora