Part 19 ( Unicode )

12.4K 935 44
                                    

"ဟျောင့် အကိုဘုန်းမာန်ခ ကလုံးဝ သတ္တိခဲပဲ Boss နားနေလာတဲ့ တစ်‌လျှောက်လုံး Boss တောင် သခင်ကြီးကိုအဲ့လိုတစ်ခါမှမပြောဖူးဘူး"

"အေ ပြော‌မနေနဲ့ငါတောင် ကြက်သီးထတယ်"

M , K ခ ကို ချီးမွမ်းခန်း ဆိုနေကြပေမဲ့ နောက်ဖြစ်လာမဲ့ အကျိုးဆက်ကိုတော့ မတွေးရဲ , သခင်ကြီးက ဒေါသအလွန်ထွက်သွားကာ ဘာစကားတစ်ခွန်းမှမပြောပဲပြန်သွားသည်။

ပြသာနာရှာသူကတော့ သူမဟုတ်သလို အရင်ကတိုင်း ဒီအိမ်ကြီးထဲ ဟိုပတ်သွား ဒီပတ်သွား , Boss ကြည့်တော့လဲ အေးဆေးတည်ငြိမ်လို့ , ဒီလူနှစ်ယောက်သာ ငြားမယ်ဆို တကယ်ကို နတ်ဖက်တဲ့ အတွဲဖြစ်မှာ။

"M"

"ဟုတ်ကဲ့ Boss"

"ဒယ်ဒီက ဒီ ကိစ္စကိုဒီ‌လောက်နဲ့ကြေအေးပေးမှာ မဟုတ်ဘူး ခ ကို သေချာပေါက် စောင့်ကြည့်နေမှာ ဘာလုပ်ရမလဲ သိတယ်နော်"

"ဟုတ် သိပါတယ် Boss"

RENO က M ကို ခ အနားအနီးကပ်နေကာ စောင့်ရှောက်ခိုင်းထားသည် , M လဲ ခ အနားနေပါတယ် ဒါပေမဲ့ ‌ခြေမငြိမ်တဲ့ ခ အ‌နောက်ကို တော်တော်လိုက်ယူနေရသည်။

ထိုချိန် အထုတ်‌ တွေဆွဲကာ အပြင်ကပြန်လာတဲ့ ခိုက်နှင့်ခေါင်။

"အော် ညီလေးတို့ အကိုနဲ့စကားခနပြောမလား"

"ဟုတ် ရတယ်ဗျ"

"အင်း အကို Meeting room ကစောင့်နေမယ်"

ဘဲကြီးဘာတွေပြောမယ်မသိပေမဲ့ ခေါင်နှင့်ခိုက် အထုတ်တွေချကာ ဘဲကြီးနောက် လိုက်ခဲ့ရတော့သည်။

"ထိုင် ညီ"

"ဟုတ်"ဟုတ်"

"အကို့ ဒယ်ဒီက ခ ကို အန္တရာယ်ပေးချင်‌နေတာ ညီတို့သိမှာပါ , ခ ပဲ မဟုတ်ဘူး ညီတို့ပါ အန္တရာယ်ရှိနေနိုင်တာမို့ အကိုက ဒီအိမ်ကနေ ဘယ်မှမသွားခိုင်းသေးတာကိုလဲ ရိပ်မိကြမှာပါ"

"ဟုတ် ကျွန်တော်တို့သဘောပေါက်ပြီးသားပါ"

"အင်း အဲ့တာ ညီတို့ အလုပ်မရှိသေးဘူးဆို အကို့ Company မှာခဏဝင်လုပ်မလား"

RENO စကားဆုံးတော့ ခေါင် ဝမ်းသာနေမိသည်။ခေါင်က အမြဲ သာမာန်လူတွေလိုနေချင်ခဲ့တာ , ဒါပေမဲ့ လက်ခံလိုက်ရင် ခ နှင့် ခိုက် စိတ်ဆိုးသွားမလား....

ʀᴇɴᴏWhere stories live. Discover now