Part 33 ( Unicode )

9.9K 696 27
                                    

ဟူးး

တကယ် မနိုးရက်စရာလေး။ညက ဒီကလေး ရင်တွေအခုန်လွန်ပြီး အိပ်မပျော်ရှာဘူးလေ။ဒီညတော့ကိုယ်နဲ့တူတူအိပ်ပါလား လို့ပြောတာကို ခင်ဗျားကိုမယုံဘူး လူကို တရားဝင်မဂ်လာတောင် မဆောင်ရသေးဘူး မဂ်လာဦးချင်နေတာတဲ့။

မအိပ်ခင်ထိ ကပ်ကပ်လန်ကိုစွာနေတာမို့ ခ သဘောဆိုပြီး ခ အိပ်ပြီဆိုမှ RENO လက်တလောသုံးဖြစ်နေတဲ့ အခန်းကိုပြန်လာခဲ့တာ။ မကြာပါဘူး ကိုကို ခ အိပ်မပျော်ဘူးဆိုပြီး မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ရောက်လာသည်။

ကိုယ့်ရင်ခွင်ထဲလဲ ရောက်ရော တကယ်ငိုတာပါ။ဘာလို့လဲ ကလေးလေးရယ် လို့မေးတော့ ပျော်တယ်တဲ့ ပြီးတော့ကြောက်တယ်တဲ့။အဲ့စကားရဲ့ အဓိပ္ပာယ်ကို ခ သေချာမရှင်းပြရင်တောင် RENO နားလည်ပါသည်။

ခ က ဒယ်ဒီ့ကိုလဲ ကြောက်ရ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလဲ ကြောက်ရနဲ့။အပြင်ပန်းကသာ သန်မာချင်ယောင်ဆောင်တာ ခ နဲ့တူတူနေဖြစ်မှ ခ ဆီက မထင်မှတ်ထားတာ တစ်ခုကို RENO သိလိုက်ရသည်။ ဒီကလေးက အမှန်တော့ လူကြောက်သည်။ပြောရမယ်ဆို လူတောတိုးရမှာကိုကြောက်တာ။

ဒီမဂ်လာပွဲမှာ ကိုကို့အသိမိတ်ဆွေတွေ မှန်သမျှ ဖိတ်လိုက် တစ်ယောက်မှမကျန်ခဲ့စေနဲ့လို့ပြောတော့ အမှန်အတိုင်းပြောရရင် RENO အံ့ဩသွားရသည်။နောက်မှ RENO သိလိုက်ရတာက ခ က ကိုယ့်ကို ဒါငါ့အပိုင်ဖြစ်သွားပြီဆိုပြီး ပတ်ဝန်းကျင်ကလူတွေကိုအကုန်သိစေချင်တာ‌ကြောင့် လူကြောက်တတ်တာတောင် ဒီလိုဆုံးဖြတ်လိုက်ရတာဖြစ်သည်။

ညကလဲ တော်တော်နဲ့မအိပ်၊လူကို အတင်းဖက်ကာ တအင့်အင့်နဲ့ငိုရင်း နာရီဝက်လောက်ကြာတော့မှ သူခံစားနေရတာတွေကို ကိုယ့်ကိုယ်အားကိုးတကြီးနဲ့ပြောပြလာသည်။

"ကိုကို နဲ့ ကိုကို့ဒယ်ဒီ ခ ကြောင့် ဒီလိုဖြစ်သွားရပေမဲ့ ခ တကယ်မရည်ရွယ်ပါဘူး အဲ့လူကြီးကို မုန်းတယ်ဆိုတာမှန်ပေမဲ့ ကိုကို့ ဒယ်ဒီက ကိုကို့အပေါ်တော့ကောင်းရှာပါတယ်" တဲ့

"ခ ကို ပျော်ရွှင်အောင် ထားပါ့မယ်လို့ ကတိပေးပါ"

"ခ ကို သစ္စာမဖောက်ဘူးလို့ ကတိပေးပါ"

ʀᴇɴᴏWhere stories live. Discover now