Part 48 ( Unicode )

7.7K 540 10
                                    

"ပါးးး ဦးဦးကဦးဦးကိုခေါ်ဝူးး"

ဘုန်းခန့်လေးတောင်ပြောနေပြီ ၊ ဒီညီအစ်ကိုနှစ်ကောင် ခုထိစကားမပြောသေးဘူး။ တကယ်ပါ အံ့ဩတယ် ခိုက်က သူ့အကိုကိုစိတ်ကောက်ပြီးစကားမပြောတော့ဘူးတဲ့လေ။ သူ့ကိုပစ်ပြီးအချစ်ကို‌ရွေးသွားလို့တဲ့။

ဒီကောင်တကယ်ကိုကလေးကလားနဲ့ ၊ ခေါင်တောင်မှ ခိုက် အကို Ram နဲ့ ဘာညာဘာညာဖြစ်တုန်းက ဘာမှဝင်မပြောခဲ့ဘူး။ အကုန်နားလည်ပေးခဲ့တာပဲ။ သူ့အလှည့်ကျမှ စိတ်ကောက်နေရတယ်လို့။

"ဘုန့်ခန့်လေး ပါပါးနားလာ"

"တိုတို ယာရို့ရဝူး ကော"

တကယ်ကို သိပ်ချစ်စရာကောင်းတဲ့ ဘုန်းခန့်လေးရယ်ပါ ၊ အစားကအရမ်းစားတော့ ဗိုက်လေးက လုံးထွက်နေတာ ၊ ဘောင်းဘီလေးတောင် ခါးမှာ သွားကြပ်နေသည်လေ ၊ မဝတ်ထားပေးလို့ကလဲ မဖြစ်သေးမို့ ၊ မရမကစွတ်ပေးထားတော့ သူ့ ဗိုက်လေးတင်းနေပြီထင်တယ်။

ကိုကိုကပြောတယ် သားသားကို အရမ်းမကျွေးနဲ့တဲ့ ၊ ဒါပေမဲ့ ဘုန်းခန့်လေးက ပါးး တိုတို ဗိုက်ချာရယ် ဆိုပြီး ပူဆာရင် ခ ကမကျွေးပဲမှမနေနိုင်တာ။

ပါးလေးတွေက ဖောင်းကား ၊ လက်လေးတွေ  ခြေထောက်လေးတွေဆို တုတ်နေရော ၊ ဒီကြားထဲ ဗိုက်ပူပူလေးကလဲ ဘီယာဗိုက်လေးကျလို့။

"ပါပါး ချီမှာပေါ့ကွာ လာ"

"ဟိတ် မချီဘူး ကိုကိုချီမယ် ချလိုက် သားသားကို"

လာပါပြီ ၊ ဘုန်းခန့်လေးက ဝတုတ်လေးဆိုတော့ ခ မနိုင်ဘူးဆိုပြီး ၊ အမြဲ ကိုကိုကပဲချီသည်။

"မွ ဒယ်ဒီ့ကို ချစ်"

"အင်း ဒယ်ဒီက အများကြီးပိုချစ်"

အမယ် လူကို ပလစ်ပြီး သားအဖတွေရိုနေကြတာ ၊ ဘုန်းခန့်လေးက တကယ်တော့ ခ ထပ် ကိုကို့ကို ပိုတွယ်တာ ၊ ကိုကို့ကို သူအရမ်းချစ်ရှာသည် ၊ ကိုကို ပြောရင် တစ်ခွန်း ၊ ကိုကို့စကားဆို အမြဲနားထောင်သည် ၊ ကိုကို့လက်ပေါ်မှာများရောက်နေရင် ပြုံးလို့ ဘာတွေသဘောကျနေမှန်းမသိ။

ကိုကို့အနားဆို ဘုန်းခန့်လေးက စကားအရမ်းပြောသည် ၊ ခုလဲ ဘာတွေ တိုးတိုး ပြောနေကြတယ်မသိ ၊ သွားနားထောင်ဦးမှ။

ʀᴇɴᴏΌπου ζουν οι ιστορίες. Ανακάλυψε τώρα