Part 24 ( Unicode )

12.3K 844 23
                                    

"အင့် ကိုကို......"

ညကလဲ ပင်ပန်းသွားတာမို့ ခ တစ်ကိုယ်လုံးကို ရင်ခွင်ထဲ သိမ်းကျုံးထည့်ကာ ပင်ပင်ပန်းပန်းနဲ့ အိပ်နေတဲ့ RENO , ခ ရဲ့ ငြီးသံလေးကြောင့် ငါ့ ကလေး ဘာများဖြစ်တာလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ချက်ချင်းပင် မျက်လုံးနှစ်လုံးပွင့်လာသည်။

"ကိုကို........"

"အီးဟီး နာတယ်"

"ခ !!"

RENO နိုးတာနဲ့ ရင်ခွင်ထဲက ကလေးကို ငုံ့ကြည့်လိုက်တော့ RENO ကိုအတင်းဖက်ကာ လည်ပင်းမှာ သူ့မျက်နှာလေး အပ်ပြီး ငိုနေသည်။

ကိုယ်အပူချိန်က သာမာန်ထပ် ပိုနေတာကြောင့် ခ ရဲ့ လည်ပင်းနေရာတွေကို စမ်းကြည့်တော့ ဒီကလေးက ဖျားနေတာပဲ။

"ခ ဘယ်နေရာနာတာလဲ ကိုယ့်ကိုယ်ပြော"

"အင့် အောက်မှာ"

ခ က အောက်မှာလို့ပြောတာကြောင့် စောင်ကို အသာလှန်ကာ ကြည့်လိုက်တော့ ခ အိပ်ရာနေရာ အိပ်ရာခင်းပေါ်မှ သွေးကွက်တစ်ချို့။

ကျစ် !! စောက်သုံးမကျလိုက်တဲ့ငါ.....

"ခ ကိုယ့်ကို ခနလွှတ်နော်"

"အင့် မသွားပါနဲ့"

"မသွားပါဘူး ခ ရဲ့ ကိုယ် ခ နေလို့ထိုင်လို့ သက်သာအောင် အရင်လုပ်ပေးမယ်လေ မှန်းစမ်း ညက သောက်ထားသေးတာဆိုတော့ ခေါင်းကောမူးနေသေးလား"

"ဟင့်အင်း ခေါင်းက ကိုက်တာ ပြီးတော့နာတယ် အီးဟီး ခင်ဗျားကြီးကြောင့် !!"

"ဟုတ်တယ် ဟုတ်တယ် ကိုယ့်ကြောင့် ကိုယ်မကောင်းတာနော်"

"ခ ခန မှေးနေလိုက်ဦးနော် ကိုယ့်ကို လွှတ်နော် လိမ်မာတယ်"

တကယ်ကို‌တောင်းတောင်းပန်ပန်နဲ့ပြောမှာပဲ လူကို လွှတ်ပေးတော့သည်။နာရီကြည့်တော့ မနက် ၅ နာရီ ခုမှ ဘယ်နှနာရီမှ အိပ်ရသေးတာမဟုတ် ကလေးက ဖျားသွားပြီ။

ညက ရေမချိုးဘူး အိပ်မယ် အိပ်တော့မှာဆိုပြီး ဂျီကျနေတာကြောင့် ဒီတိုင်းပေးအိပ်လိုက်မိတာ , RENO အတွက်လဲ ဒီလိုအတွေ့အကြုံကမရှိဖူးတာကြောင့် သိပ်ကိုမြတ်နိုးရတဲ့ ဒီလူသားလေး‌အပေါ် နှစ်ယောက်လုံးအတွက် ပထမဆုံး အကြိမ်မှာတင် ပေါ့ဆမိသွားသည်။

ʀᴇɴᴏWhere stories live. Discover now