Part 27 ( Unicode )

10.7K 775 29
                                    

"ပြော မနေ့ညကဘာလို့ပြန်မလာတာလဲ"

"ဟို ဒီ ဒီလိုပါပဲ...."

"အင်း ပေါက်ကရတွေပြန်ကြားရရင် ကိုယ့်အဆိုးမဆိုနဲ့နော်"

ဒီလူကြီး ဘာဖြစ်နေတာလဲ။ ပြန်ရောက်တာနဲ့ လူကိုရစ်ပြီ။ ညက ခိုက် အိမ်ပြန်လာမို့ပါပဲ Bar မှာမူးရင်းနဲ့ မှောက်သွားတာနဲ့ မနက်ရောက်သွားသည်။

ခိုက်က ဒီလိုပဲ နေနေကြ။ ညအိမ်မပြန်ဖြစ်တဲ့ရက်တွေဆို ခ နဲ့ ခေါင်အတွက်တောင် မထူးဆန်းတော့။လိုက်လဲမရှာတတ်ကြသလို မနက်မှအိမ်ပြန်ရောက်လဲ ဘာမှမပြောကြဘူး။

ကြည့်ရတာ အဲ့လိုနေ့ရက်တွေ ခိုက်အတွက် ကုန်ဆုံးပြီထင်တယ်။ ဘယ်သူ့ကြောင့်လဲဆို Ram ဆိုတဲ့ လူကြီးကြောင့်ပေါ့။

ဘဲကြီး ဒယ်ဒီ စနက်နဲ့ သေမလိုဖြစ်ခဲ့ရတုန်းကလဲ ဆေးရုံစောင့်ပေးတာ ဒီလူကြီးပဲ။ ခိုက် ဒီလူကြီးနဲ့ အတူရှိနေရင် ဘာလို့ မှန်းမသိ လူကို အရမ်းပိုင်စိုးပိုင်နင်းလုပ်သလို ခံစားရသည်။

‌ဆေးရုံမှာထဲကမဟုတ် မူးပြီးတူတူအိပ်ပြီးထဲက ထူးဆန်းနေတာ။အဲ့ညက ခိုက် ရာဇဝင်ရိုင်းသွားသည်။အထက် ပုဂ္ဂိုလ် ဘဝကနေ အောက် ပုဂ္ဂိုလ် ဘဝလဲရောက်ရသည်။ရင်နာမဆုံးဖြစ်ပြီး ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး အော်ငိုကာသောင်းကျန်းတော့ ဒီလူကြီးက ဘယ်သူမှမသိအောင် ခိုက်ကို တိုးတိုး ပြောလိုက်တဲ့စကားရှိတယ်။

အဲ့တာက....

"အဟက် ကိုယ်တာဝန်ယူမှာပါ"တဲ့

ခိုက် ကနှောက်ပြီးပြောတယ်ပဲထင်ခဲ့တာ။တကယ်လဲ အဲ့လူကြီးအနေအထားနဲ့ဆို One night stand လောက်နဲ့ တစ်ဘဝလုံးစာ ရင်းပြီးတာဝန်ယူမယ်ဆိုတာက ဘယ်သူကြားကြားရီချင်စရာပဲလေ။

ခ ပြောပြသလိုဆို ဘဝရဲ့ သုံးပုံနှစ်ပုံလောက်က နိုင်ငံခြားမှာနေခဲ့တာ ဒီလို ကိစ္စမျိုးတွေကြုံတွေခဲ့ရမှာပဲ။အဲ့လူကြီးအတွက်ဆို ထူးဆန်းမှာတောင် မဟု‌တ်တော့။

သူတာဝန်ယူမယ်ပြောတော့ ခိုက် လဲ ယူလေ ယူပေါ့ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရပဲ တစ်ဘဝလုံး လူကြီးကျွေးတာစားရမယ်ဆိုရင် ခိုက်ကိုတာဝန်ယူလို့ လက်လွယ်စပယ်ပြောလိုက်မိတာ။

ʀᴇɴᴏWhere stories live. Discover now