Part 26 ( Unicode )

11.5K 780 14
                                    

ခ ဒီနေ့ ဘာလို့မှန်းမသိ စိတ်မကြည်။ ဘဲကြီး ခရီးသွားရမယ်ဆိုလို့များလား။ ဘာလဲ ဟိုကသွားတောင် မသွားရသေးဘူး ငါကအစထဲကဝမ်းနည်းနေပြီလား။ နေစမ်းပါဦး ဘယ်ကိုသွားမှာမလို့ တစ်လလောက်ကြာမယ်ပြောနေတာလဲ။

ဘဲကြီး ခုတလောခြေလှမ်းတွေပျက်နေတယ်။ Company သွားရင် မိုးချုပ်တဲ့ထိပေါ်မလာတော့ဘူး။ အိမ်မှာနေရင်လဲ အမြဲ သူ့အလုပ်တစ်ပုံကြီးနဲ့။ခ ကို တော့ ဂရုစိုက်ရှာပါတယ်။

"ခ ကိုယ်ဝင်လာတာတောင် မသိရအောင် ဘာတွေတွေးနေတာလဲ"

"..........."

အဟက် ! ကောက်နေပြန်ပြီထင်တယ်။ ပစ်ထားမိတာမှ ၁၅ မိနစ်လောက်ရှိဦးမယ် လူကို မျက်စောင်းထိုးနေပြီ။

ဒီပုံစံနဲ့ဘယ်လိုထားခဲ့ရမလဲကွာ.....

RENO , Thailand ကိုတစ်လလောက်သွားရမည် ဖြစ်သည်။ အဲ့မှာ ရှိတဲ့ မကောင်းတဲ့ အလုပ်မှန်သမျှ အကုန် ပိတ်ပြစ်ခဲ့ပြီး လုပ်လက်စ အလုပ်အကြွေးတွေကိုလဲ တစ်ခါထဲအပြီးဖျက်ခဲ့ရမှာ , အလုပ်သမားပေါင်းရာကျော်ရှိတဲ့အပြင် RENO အပေါ် တစ်ယောက်တစ်လေ မှ သစ္စာမဖောက်ပဲ ယခုချိန်ထိတူတူရှိနေပေးခဲ့တာ RENO လဲ အကုန်လုံးကို အလုပ်မထုတ်ချင်ပေမယ့် ခုက ကိုယ်တာဝန်ယူစောင့်ရှောက်ရမယ့် ဘုန်းမာန်ခဆိုတဲ့ကောင်လေးရှိလာပြီ။

ခ ကို မထိခိုက်ပဲ RENO ရော ခ ရော အန္တရာယ်ကင်းကင်းနဲ့ သာမာန်လူတွေလို အပူအပင်ကင်းကင်း ပျော်ရွှင်စွာနေနိုင်ဖို့ဆိုရင် RENO ဒီအလုပ်တွေကို စွန့်ပစ်မှကို ရမည်။

ဒယ်ဒီနဲ့ အကြီးအကျယ် အတိုက်အခံလုပ်ရမယ်ဆိုပေမဲ့ ခ အတွက်ဆိုရင် ဒီလောက်ကပမွှား။ ဒယ်ဒီ့ကိုစွန့်ပစ်မှဆိုလဲဖြစ်သည်။

RENO ဒီမှာ မရှိတုန်း ခ ကို ဒယ်ဒီ အန္တရာယ်ပြုမှာစိုးလို့ Ram ကိုလဲ ဒီကို ပြန်ခေါ်ကာ ခ အနားနေပေးဖို့ တောင်းဆိုထားသည်။
ဒယ်ဒီက အကိုနဲ့သာဆို ငြိမ်နေမှာမို့ဖြစ်သည်။

K ကိုက RENO ခေါ်သွားမှာမို့ ဒီမှာတော့ M ကိုပဲထားခဲ့ရမည်။ ခိုက်နဲ့ခေါင်ကိုလဲ မနက်ဖြန်ကစပြီး Company နားခိုင်းထားပြီး ခ အနားနေခိုင်းထားပေမဲ့ RENO ဘာကြောင့်မှန်းမသိ ခ ကိုစိတ်မချ။

ʀᴇɴᴏNơi câu chuyện tồn tại. Hãy khám phá bây giờ