Part 16 ( Unicode )

12.7K 932 28
                                    

"ခ ကိုယ်ဝင်လာမယ်နော်"

ရှက်နေပါတယ်ဆို ဒီလူကြီး နောက်ကဘာလိုက်လုပ်တာလဲ။ မဝင်လာနဲ့ပြောလဲ သူ့အိမ်သူ့ယာမို့ အတင်းဝင်လာမှာပဲဟာကို အပိုတွေလုပ်နေပြန်ပြီ။

အခန်းထဲဝင်လာရင်လဲ အမြဲ မျက်နှာက တစ်ခုခုကို ကြောက်နေသလိုလိုနဲ့ ဘာလဲ ခ ကိုကြောက်နေတာလား ၊ ငါကဘယ်နားကြောက်စရာကောင်းလို့လဲ။

ပြောရမယ်ဆိုရင် ပစ္စည်းတွေနဲ့ကောက်ပေါက်ဖူးတာမှန်ပေမယိ့ အဲ့လောက်အကြမ်းကြီးလဲ မဟုတ်ပါဘူး။

ခ လဲ အရမ်းနာကျင်ခဲ့ရတာမို့ ဒီဘဲကြီးကို မုန်းမိပေမယ့်ခေါင်ပြောသလို ဒီဘဲကြီးကြောင့်ပဲလို့လဲ ပြောလို့မရဘူး။ ခ သိပါသည် ခ ဒေါသတွေကို ဒီဘဲကြီးအပေါ်ပုံချနေမိတာတွေ ဒီလူကြီးအ‌ပေါ် မလုပ်သင့်တဲ့ အပြုအမှုတွေ အများကြီးလုပ်ခဲ့မိတာ‌တွေ။

"ခ ကိုယ် အကျီလေးယူမယ်နော်"

"ယူလေ !"

တွေ့လား ၊  ဒီဘဲကြီး အပိုတွေပါဆို။

အကျီယူမယ်ပြောပြီး လူရှေ့မရှောင် သူရှေ့‌မရှောင် အဝတ်ပါလာလဲနေသည်။ ခ တစ်ကိုယ်လုံးကိုတော့ ဘဲကြီး မြင်ဖူးတယ်ဆိုပေမယ့် ခ ကတော့ ဘဲကြီးအပေါ်ပိုင်း ဗလာနဲ့ ပုံစံကို ခုမှမြင်ဖူးတာ မို့ ခ တောင် မသိလိုက်ပဲ ငေးနေမိသည်။

ဘဲကြီးက ထူးဆန်းတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာတက်တူးမှမရှိဘူး။ အသားအရည်ကတော့ ခ ထက်တောင် ဖြူသည်။ အစားအသောက်ပျက်ပြီး မျက်နှာသိသိသာသာချောင်ကျသွားတာတောင် Body ကတော့ ဘယ်တော့ကြည့်ကြည့်အမိုက်စား။

ခ ဘဲကြီးကို အငေးကောင်းနေတုန်း ဘဲကြီးရဲ့ အဝတ်ဗီရိုထဲက ဓာတ်ပုံတစ်ခုကို ဖြတ်ခနဲမြင်လိုက်တာကြောင့် ပါးစပ်ကအယောင်ယောင်အမှားမှား ကိုကိုဟု ပြောလိုက်မိသည်။

"ကိုကို....."

"ဟင် ခ ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်"

RENO အဝတ်လဲနေတုန်း အိပ်ယာပေါ်ကကောင်လေး ငေးနေတာသိပေမယ့် ရှက်သွားမှာစိုးလို့ မသိချင်ယောင်ဆောင်နေရင်းရုတ်တရတ် ခ နှုတ်ကထွက်လာတဲ့ အသုံးအနှုန်းတစ်ခုကြောင့် နားမလည်ဟန် ပြန်မေးကြည့်ရာ.....

ʀᴇɴᴏWhere stories live. Discover now