Part 8 ( Unicode )

14.7K 1K 24
                                    

"Hey !! who're you ?"

"What's your name , what're you doing here ?"

ဟာ , လာပြန်ပြီထူးထူးဆန်းဆန်းဘဲကြီးတစ်ပွေ။ ဒီအိမ်မှာနေရတာလဲ လူမျိုးပေါင်းစုံနဲ့ကိုလာတွေ့နေတယ်။ ဘဝမှာ အညံ့ဆုံးက အဂ်လိပ်စာနဲ့သချာ်ပါဆို ဒီလူကြီးဘာတွေလာပြောနေတာလဲ။

ဝတ်ထားတာကတော့ သန့်သန့်ပြန့်ပြန့် နောက်မှာလဲ အထုတ်အပိုးတွေနဲ့ ဘာလဲ ငါလိုပဲဒီမှာလာနေတာလား။ မဖြစ်နိုင်တာ အထာက ရေလျှံမဲ့ပုံကြီး။အိမ်ထဲမှာ အာရုံနောက်လို့ အိမ်အောက်ဆင်းလာပါတယ်ဆို ဗရုတ်သုက္ခတွေနဲ့တွေ့နေပြန်ပြီ။

အဂ်လိပ်လိုဆိုတော့ တစ်လုံးနှစ်လုံးသိလဲ ရွီးရွမ်းပြောလို့ရသေးတယ် ခ အဂ်လိပ်လို ပြောတတ်တာမှ What the fuck နဲ့ fuck you နှစ်လုံးတည်း။ ဒါလဲ အဓိပ္ပာယ်သေသေချာချာမသိပါဘူး အော်ပြောရတာဆိုတော့ ဆဲတဲ့စကားလုံးမှန်းတော့သိတယ်။

ဒါပေမဲ့လဲ ခုမှပထမဆုံးတွေ့ဖူးတဲ့သူကို အဲ့တာကြီးသွားပြောရင် ခ ရိုင်းရာကျမှာမို့ ဘာပြန်ဖြေရမလဲမသိ ဖြစ်နေရင်း နောက်ကနေ ပုခုံးလာပုတ်တဲ့ဘဲကြီးကြောင့် အလန့်တကြား

"What the fuck !"

သွားပြီ , ဆဲမိပြီ ဒါလဲ ဘဲကြီးမျက်နှာသေချာကြည့်ပြီးကို ယောင်ပြီးအော်လိုက်မိတာ။

"Hey relax..."

"Fuck you !"

ဟာ သွားပြန်ပြီ , ဒီဘဲကြီးတွေဘာလဲ လူကို ပုခုံးပုတ်လိုက် လည်ပင်းဖတ်လိုက်နဲ့  , ဘဲကြီးကိုတောင် ပလိန်းကြီးဆဲမိသွားလို့ ဘာပြန်ပြောရမလဲမသိဖြစ်နေတုန်း အဂ်လိပ်လို လိမ့်သမုတ်နေတဲ့လူကြီးက ရုတ်တရတ်လာဖတ်တော့ သူ့မျက်နှာကြီးကိုတည့်တည့်လှည့်ကြည့်မိကာ အယောင်ယောင်အမှားမှား ထပ်ဆဲမိသည်။

"ဟားဟားဟား"Ha Ha Ha"

အေ ရီနေလိုက် ခင်ဗျားတို့ တော်ပြီ အိမ်ပြန်တော့မယ် , လီးလိုပဲဘာတွေမှန်းကိုမသိဘူး။

"Shuu တိတ်စမ်း !"

"ဆောရီးပါကွာ မင်းက အူကြောင်ကြောင်လေးဖြစ်နေတော့ ကိုယ်က ရယ်ချင်သွားတာ"

"ဘဲကြီး ခင်ဗျား အသာနေ !!"

‌ခုတလောဘဲကြီးမျက်နှာကို သုံးစက္ကန့်ထပ်ပိုမကြည့်ရဲဘူး , ခ လိုပဲ အလုပ်မရှိ အကိုင်မရှိထင်တယ် အိမ်ထဲကအိမ်ပြင်မထွက်တာကြောင့် စတွေ့တုန်းက‌ထပ်တောင် ပိုချောလာသလို , အတူတူ ကြာကြာနေရင် ကြွေမိတော့မယ်။

ʀᴇɴᴏWhere stories live. Discover now