Part 2 ( Unicode )

23.2K 1.5K 16
                                    

"ဟ !  ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ကျွန်တော့အရှေ့ကနေ ဖယ်စမ်းပါဗျာ"

အဟက် ! အပြောအဆိုကတော်တော်ရင့်တာပဲ။ အဲ့တော့ငါရှာနေတာမင်းပေါ့...

"ခ !"

"ဘာလဲကွာ !"

ဟုတ်တယ်။ နဂိုထဲကတည်းကမှ အာရုံနောက်နေပါတယ်ဆို ရှေ့က ခပ်ဖြောင့်ဖြောင့်ဘဲကြီးကတစ်မျိုး ၊ ဒီကောင်တွေကတစ်မျိုး။

"ခင်ဗျား ခ ကိုဘာလုပ်လိုက်တာလဲ !"

ကျစ် ! နာမည်က "ခ" တဲ့လား။

အစောကတည်းက RENO ဒီကောင်လေးကို မျက်တောင်မခတ်စိုက်ကြည့်နေမိတာ သူ့ကို ရင့်ရင့်သီးသီးတွေ ပြောဆိုနေတာတောင် ဒေါသထွက်လို့ ထွက်ရမှန်းမသိတဲ့အထိ။

ထို့နောက် ထိုကောင်လေးရဲ့ပုခုံးကိုဖက်ကာ လူကို ရန်တွေ့နေတဲ့ကောင်တွေကိုကြည့်လိုက်တော့ သူငယ်ချင်းတွေထင်သည်။

တကယ်ကို ကလေးလေးတွေပါလားကွာ။

ဘာလို့မှန်းမသိ ဒီကောင်လေးနားရှိနေရင် လူကပုံမှန်မဟုတ်တာကြောင့် RENO သူ့လက်ထဲက ပစ္စည်းကိုအောက်ပစ်ချကာနေရာမှထွက်လာခဲ့သည်။

"ကျစ် ! ခင်ဗျား မိုက်ရိုင်းလိုက်ချည်လား !"

ပြန်မလှည့်ကြည့်မိပေမယ့် ခပ်လှမ်းလှမ်းကဆဲဆိုသံတစ်ချို့ကြောင့် RENO ပြုံးနေမိတာတော့ အမှန်။

"ခ တော်တော့ !"

ခ က နဂိုကတည်းက စိတ်ဆက်တတ်တာပါဆို ဟိုဘဲကြီးက ဘာအချိုးချိုးသွားတာလဲ။ ခ ဆဲလဲ ဆဲချင်စရာမဟုတ်လား။ ထို့နောက် ဘဲကြီးပစ်ချခဲ့တဲ့ အဖြူရောင်ထုပ်လေးကိုကောက်ယူပြီးကြည့်လိုက်တော့ ပုံထဲက ပစ္စည်းနဲ့တစ်ပုံစံထဲ။

"ဟျောင့်တွေ ဒါပဲဟ"

"ပြ"

ခ ၊ ခေါင်ရဲ့ လက်ထဲက အထုပ်ကိုဖြတ်လုကာ ကြည့်လိုတော့ အော် အဲ့တော့ ခင်ဗျားက ဒီ ပစ္စည်းလာပေးတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းပေးလို့ရရဲ့သားနဲ့ကို ပစ်ချသွားသေးတယ် အချိုးကိုမပြေဘူး။ ကျွန်တော်နဲ့ နောက်ထပ်ထပ်မတွေ့စေနဲ့ ခင်ဗျား။

ʀᴇɴᴏWhere stories live. Discover now