"အဲ့လိုကြီးစိုက်မကြည့်ပါနဲ့ဆိုဗျာ။ မမကလည်း သားရှက်တယ်"

"မမမောင်လေးကဒီနေ့မှမဝတ်စဖူးပုဆိုးကလေးနဲ့မို့ပါကွယ် ။ဟော ပြီးတော့ ဆံပင်တွေကိုကြည့်ပါအုံး အုန်းဆီတွေဘာတွေလိမ်းလို့ "

"ဟီးဟီး မမ သူငယ်ချင်းချောချောလေးတွေလာမယ်ဆို အဲ့ကြောင့်သေချာလေးပြင်ထားတာ "

"မမလို့ သားကိုကြည့်ပေးပါအုံး ကြည့်ကောင်းရဲ့လားလို့""

"ကောင်းပါ့ရှင် ကောင်းပါ့ လာ မမ သူငယ်ချင်းတွေထိုင်နေတဲ့ဝိုင်းကိုသွားကြရအောင်"

"ဟုတ်ကဲ့ မမ"

လူတွေကြားသို့တိုးရင်းဝှေ့ရင်းမောင်နှမနှစ်ယောက်လျှောက်လာကြသည်။လုပ်ငန်းရှင်တစ်ချို့၏သားတွေရဲ့မျက်လုံးတွေမှာ ယိမ်းဆီမှမခွာ။ယိမ်း၏အလှကိုမြင်ဖူးတွေ့ဖူးချင်ကြသောကြောင့် သူတို့ဒယ်ဒီ၏နာမည်‌ေတွနှင့်လာရောက်ပွဲတက်သူများလည်းရှိသည်။

"ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေ ယိမ်း"

"ကျေးဇူးပါရှင်"

ယိမ်းကိုတွေ့တော့ အသက်အလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးထိုင်နေရာမှထလာကာ လာရောက်နူတ်ဆက်သည်။ ယိမ်း မသိသော်လည်းဝတ်ကျေတန်းကျေသာဖြေခဲ့လိုက်သည်။

"ယိမ်းရေ ငါတို့ဒီမှာ"

နောက်ဆုံး‌ဘေးဘက်က စားပွဲဝိုင်းတွင်ထိုင်နေကြသော သူငယ်ချင်းတွေဆီသို့အပြုံးလေးအားဆင်မြန်းရင်းလျှောက်လှမ်းသွားလိုက်သည်။သူမလက်ကိုဆွဲကိုင်ကာလိုက်ပါလာသောမောင်ဖြစ်သူအားကြည့်လိုက်တော့ မျက်လုံးတွေအရောင်တောက်နေလေရဲ့။

"လာ လာ ခုမှဘဲပေါ်လာတော့တယ်နော် ယိမ်း။တို့‌‌တွေကိုလာမတွေ့တော့ဘူးများထင်နေတာ"

"အယ် မဟုတ်တာ ပန်းဆုနေသော်ရယ်
ကိုယ့်အချစ်ဆုံးတွေကိုမေ့စရာလားလို့"

"ယိမ်း နင်နော် ပန်းဆုလို့ဘဲခေါ်ပါဆို အဲ့ဒီ‌အနောက်ကနေသော်ဆိုကြီးမထည့်စမ်းပါနဲ့ဟယ်"

ပန်းဆုနေသော်ဟာသူ့နာမည်အပြည့်အစုံကြောင့်ဆွေ့ဆွေ့ခုန်‌နေလေပြီ။ပန်းနုရောင်‌အဖျော့လေးဆိုးထားသောနှုတ်ခမ်းလေးမှာအနည်းငယ်စူလာတော့သည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now