1။

25K 712 9
                                    

ကျွန်မနာမည်က ယိမ်းနွဲ့ဟန်ပန်။ 1995ခုနှစ်ဖွား 6လပိုင်း𝑱𝒖𝒏𝒆21 ဟာကျွန်မ၏မွေးနေ့ပင်ဖြစ်သည် ။မွေးနေ့ပါတီပွဲဟုဆို‌ေသာ်လည်းစိမ်းဝါရောင်မြန်မာဝမ်းဆက်ကလေးကိုသာရိုးရိုးလေးဆင်မြန်းထားပုံမှာ မြင်ရသူတိုင်း၏စိတ်ကိုအေးချမ်းစေပါသည်။

ပါတီပွဲတွင်တက်ရောက်လာ‌သည့်လူများမှာ ယိမ်း၏အလှတွင်မှင်သက်နေမိကြသည်။ဒယ်ဒီ ဦးမြတ်မင်းနှင့်မာမီဒေါ်နွဲ့သက်ရည်၏သမီးယိမ်းနွဲ့ဟန်ပန်အား မသိသူခပ်ရှားရှားရယ်ပါ။အိမ်ခြံမြေရင်းနှီးလုပ်ငန်း ၊ အိမ်ခြံမြေတွေကိုသင့်တင့်သည့်‌ေစျးဖြင့်ဝယ်ယူကာရင်းနှီးမြှပ်နှံသည်။တစ်ချို့သော ခြံတွေမြေတွေကိုတော့ ယိမ်း၏နာမည်နှင့် အပင်တွေ သစ်သီးတွေစိုက်ပျိုးကာရောင်းချသည်။ မောင်လေးကိုတော့အိမ်ခြံမြေကွက်လပ်တွေအားရင်းနှီးမြုပ်နှံကာပေးသည်။စေ့ဆပ်လွန်းသည့်ဒယ်ဒီဟာအခုကတည်းပင် တစ်ချို့တစ်ဝက်အမွေတွေအားခွဲယူစေ၏ ဘွဲ့ရပြီးသည့်အချိန်မှစ၍ ယိမ်းအားဒယ်ဒီ့၏လုပ်ငန်းတွေအားဝင်ကူစေသည်။ယခုဆိုလျှင် စပျစ်ခြံ၁၂ခြံနှင့်အခြားပန်းမျိုးပေါင်းများစွာကိုဦးစီးနိုင်နေပြီဖြစ်သည်။မောင်လေး ဘုန်းထက်ဟန်ပန်ကတော့ 16နှစ်သာရှိသေးသည်မို့ကျောင်းကိုသာပြီးဆုံးအောင်တက်စေသည်။

ယိမ်း၏မွေးနေ့ ဟုဆိုသော်လည်းဒယ်ဒီ့၏လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်မာမီ့၏အသိမိတ်ဆွေတွေသာအများဆုံးပါနေသည်။ယိမ်း၏ဧည့်သည်ဆိုလို့ ဆယ်ယောက်ပင်မပြည့်ချေ။ ငယ်ငယ်ကတည်းကပေါင်းလာသည့်သူငယ်ချင်းတစ်စု‌ေလာက်သာယိမ်းဖိတ်ခဲ့သည်။

"မမ "

အိမ်ထဲကနေ ခြံဝင်းအပြင်သို့ပြေးထွက်လာသည့်ယိမ်း၏နှစ်ယောက်မရှိသည့်မောင်လေးဟာယိမ်း၏လက်အားလာ‌ဆွဲလေသည်။

"မမ ဒီနေ့အရမ်းလှနေတယ် "

"ဒါပေါ့ကွယ် မင်းရဲ့အစ်မဘဲဟာ ဒီလောက်တော့ရှိမှာပေါ့"

မဝတ်စဖူးပုဆိုးလေးနှင့်ရှပ်အပြာရောင်အင်္ကျီလေးအားတွဲဖက်ဝတ်ဆင်ထားသည့်မောင်ဖြစ်သူ ၊ သူ၏တိုစိစိဆံပင်‌လေးတွေကိုတစ်ရက်တစ်ခါ‌တောင်အတင်းဖီးလိမ်းခိုင်းခဲ့ရသည့်မောင်လေးဟာ ဒီနေ့မှသပ်ရပ်စွာဖီးလိမ်းထားပြန်သေးသည်။ယိမ်း သေချာစေ့စေ့ကြည့်နေမိတော့ ‌မျက်လုံးလေးမှေးစင်းတဲ့အထိရယ်‌လေသည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang