1044 - Unicode

1.2K 322 15
                                    

အပိုင်း ၁၀၄၄- ငါက ကူညီပေးရုံပဲ

အမြတ်ငွေပမာဏ၏သုံးဆခန့် ဒဏ်ငွေဆောင်ရမည်ဆိုသည်မှာ ချူရှောင်ရန်စားထားသမျှကို ပြန်အန်ထုတ်ခိုင်းခံရခြင်းပင်။ ချူရှောင်ရန်၏ရှေ့နေမှာ ဒီအခြေအနေကို ကယ်တင်ဖို့ရာအတွက် အကောင်းဆုံး ကြိုးစားပါသော်ငြား အချည်းနှီးသာဖြစ်သွား၏။

တရားရုံးမှနေ၍ ချူရှောင်ရန်အား ငွေပေးဆောင်ဖို့ရာအတွက် သုံးလအချိန်ပေးလိုက်သည်။

ချူရှောင်ရန်က ဒဏ်ကြေးငွေကို ပေးဆောင်ရရုံတင်မကဘဲ အချို့သောထုတ်ကုန်တို့ကိုလည်း ထုတ်နိုင်တော့မည်မဟုတ်တော့ပေ။

ချူရှောင်ရန်ကုမ္ပဏီအမည်အောက်မှ ထုတ်ကုန်တို့ဟာ အတော်အတန်နာမည်ရနေပြီး အကျိုးအမြတ်များများရှာပေးနိုင်သော ထုတ်ကုန်များဖြစ်ကြ၏။ ဒါ့ကြောင့်မို့ ထုတ်လုပ်မှုဆိုင်ရာ အသိအမှတ်ပြုစာရွက်စာတမ်းတို့အား ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဟာ ကုမ္ပဏီအား ကျဆုံးစေလုနီးပါးဖြစ်စေသည်အထိ, အထိနာသွားစေသည်။

ချူရှောင်ရန်၏ မျက်နှာဟာ ဖြူလျော်၍သွား၏။

ထုတ်လုပ်ခွင့်မရှိတော့ပါက သူတို့ထုတ်ရင်တောင် လုပ်ငန်းတွေက ထုတ်ကုန်တို့အား ဝယ်ယူတော့မည်မဟုတ်တော့ပေ။ တရားမဝင်ထုတ်ကုန်တွေဟာ တရားဝင်ရောင်းချသော ဈေးကွက်ထဲသို့ ဝင်နိုင်စရာ လုံးဝမရှိပါချေ။

ချူရှောင်ရန်၏မျက်နှာဟာ ဆိုးရွားစွာမှောင်မိုက်နေပြီး ဒေါသထွက်ထွက်နှင့် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ တစ်ဖက်ကနဉ်ရှုကို စိုက်ကြည့်နေသည့်မျက်ဝန်းတို့၌ မှောင်မိုက်သော အငွေ့အသက်တို့နှင့် ပြည့်နေတော့၏။

နဉ်ရှုကတော့ ချူရှောင်ရန်၏အကြည့်အား ဆေးဆေးတည်ငြိမ်စွာပင် ပြန်လည် စိုက်ကြည့်လိုက်သည်။

တရားရုံးကနေထွက်တော့ ချူရှောင်ရန်က နဉ်ရှုရဲ့မျက်နှာတည့်တည့်အား လက်သီးကိုဆုပ်လျက် ထိုးလိုက်သည်။ နဉ်ရှုကလည်း အလွယ်တကူပင် ဖမ်းကိုင်လိုက်သည်။ ချူရှောင်ရန်၏မျက်နှာဟာ နဉ်ရှုအား ကြည့်နေစဉ်၌ အပျက်ပျက်၊ အယွင်းယွင်းဖြစ်နေကာ...

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Opowieści tętniące życiem. Odkryj je teraz