1006

1.5K 265 0
                                    

အပိုင်း ၁၀၀၆ -ပွဲကြည့်ပရိတ်သတ်က ရည်ရွယ်ချက်ကောင်းနဲ့ လာကြည့်တာတော့ မဟုတ်ဘူး။

ဖုန်းမြည်လာတဲ့အချိန်မှာ နဉ်ရှုက ဒီအမှုနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို မှတ်မိအောင် ကြိုးစားနေရတုန်းပဲ။ သူမ ဖုန်းယူကြည့်နေစဉ်မှာတောင် သူမ တိုးတိုးတိတ်တိတ်နဲ့ စာကြောင်းတွေ ဆက်ရွတ်နေရတုန်း။ သူမရဲ့ မျက်ခုံးတို့ဟာ တွန့်ချိုးသွားတယ်။ ရှရှောင်မန် ဖြစ်နေပြန်ပြီလား။

အချိန်က ည ၁၂ ခွဲ၊ သူ(မ)က ငါ့ဆီ ဘာလို့ ဖုန်းခေါ်နေရတာတုန်း။ နဉ်ရှု ကောက်ကိုင်လိုက်ပေမယ့် ရှရှောင်မန်က ဘာမှ မပြောပေ။ ချုပ်တည်းထားတဲ့ ရှိုက်သံတို့သာ ကြားနေရတယ်။

နဉ်ရှု နှာခေါင်းကို ပွတ်လိုက်တယ်။ သူမသာ အမှတ်မမှားဘူးဆိုရင် သူတို့ ဒီနေ့ စောစောလေးကတင် လမ်းခွဲပြီးသွားပြီ မဟုတ်ဘူးလား။

သူတို့ လမ်းခွဲပြီးသွားပြီဆိုပေမယ့် ရှရှောင်မန်က မူလကိုယ်ပေါ်မှာ အရမ်းကို မှီခိုနေဆဲပဲ။ ပြောရရင် နှစ်အတော်ကြာ သူမက ဒီမူလကိုယ်နဲ့ အပြန်အလှန် ကောင်းမှုတွေ ဝေမျှပြီး အမှီသဟဲပြု နေထိုင်ခဲ့တာပဲလေ။ သူမအတွက်တော့ ရုတ်တရက်ကြီး အဆက်အသွယ်ဖြတ်ပြီးနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူမက နဉ်ရှုကို ပုံမှန်လို အကျင့်ပါပြီး ဖုန်းခေါ်လိုက်တာပဲ။ သူမ မှားသွားတယ်လို့ ခံစားမိရင်ပဲဖြစ်ဖြစ်၊ နာကျင်မိရင်ပဲဖြစ်ဖြစ်.... သူမက မူလကိုယ်အကြောင်းကိုပဲ တွေးမိသွားရော။

သူမ တစ်ခုခုကြုံရတိုင်း သူမက မူလကိုယ်ဆီ လာငိုမယ်။ ဒါပေမယ့် သူမ ကြီးကြီးမားမား တစ်ခုခုကြုံရရင်တော့ မူလကိုယ်ဖြစ်တဲ့ ရွှီဝမ်လန်ကို အနှောင့်အယှက်ပေးရန် စိတ်ကူးထဲ ရှိမနေ။ သူမဘာသာသူမသာ ရိုးရိုးရှင်းရှင်းပဲ ဖြေရှင်းလိုက်တယ်။ သူ(မ)က ရွှီဝမ်လန်ကို ဘာများထင်နေတာလဲ။ ရွှီဝမ်လန်က သူမ ဘာဖြစ်ထားလဲ သိသွားခဲ့တာနဲ့ ရှရှောင်မန်က သူမရဲ့အရာရာကို ချူရှောင်ရန်ဆီ ပေးနှင့်ခဲ့ပြီးနေပြီ။

ရှရှောင်မန်က တော်တော်သတ္တိကောင်းတာပဲ။ သူမက တကယ်ကြီးကို လျို့ဝှက်ချက်အကြီးစားကြီးကို လျှိုထားတယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now