1045 - Unicode

1.6K 315 9
                                    

အခန်း ၁၀၄၅ - အစ်ကိုကမှ ကျွန်မကို မတွေ့ချင်တာ...ဘယ်တတ်နိုင်မလဲ?

ရှရှောင်မန်ဟာ နဉ်ရှုအား လာရှာ၏။ သို့ပေမယ့် နဉ်ရှုကတော့ ရှရှောင်မန်နဲ့ မျက်နှာချင်းမဆိုင်ချင်ပေ။

ရှရှောင်မန်က တရားခွင်နဲ့ပက်သက်ပြီး တောင်းဆိုဖို့လာတာမဟုတ်ရင် ဟန်ဆောင်လက်ထပ်ဖို့ လာတောင်းဆိုတာပဲ ဖြစ်မှာလေ။ နဉ်ရှု သတိထားမိသလောက် ရှရှောင်မန်က မပြောခင်မှာ သေချာစဉ်းစားတွေးခေါ်ခြင်း မရှိတာပင်။ သူမဟာ သူမ၏စိတ်ခံစားချက်ကိုသာ ဂရုစိုက်တတ်သည်။ အရင်တစ်ခေါက်က ရှရှောင်မန်က ဟန်ဆောင်လက်ထပ်ဖို့တောင်းဆိုခဲ့ပေမယ့် ဒုတိယအကြိမ် ထပ်တောင်းဆိုလာခြင်း မရှိခဲ့ပေ။

ရှရှောင်မန်က နဉ်ရှု လုံးဝထွက်မလာတာ တွေ့လိုက်ရတော့ တံခါးမှာပဲ ရပ်စောင့်နေကာ နဉ်ရှု၏အမည်အား အော်ခေါ်နေတော့သည်။ သူမ ပင်ပန်းသွားသည်နှင့် သူမဟာ နေပူပူထဲမှ အရိပ်ခိုရန် ရှာဖွေတော့သည်။

ဘာပဲဖြစ်ဖြစ် သူမက တံခါးအား မျက်ခြေမပြတ်စောင့်ကြည့်နေဆဲပင်။

နဉ်ရှု ဒါနဲ့ပက်သက်ပြီး အာရုံစိုက်မနေတော့။ ရှရှောင်မန် လုပ်ချင်သလိုသာ လုပ်ပါစေလေ။

နဉ်ရှု ညရောက်သည်အထိ ဆက်တိုက်ဆိုသလို အလုပ်လုပ်နေခဲ့သည်။ သူမ အဆောက်အဦးကနေ ထွက်တော့ ရှရှောင်မန်က အဝင်ဝ၌ ရှိမနေတော့တာ တွေ့လိုက်ရသည်။ သူမ ထွက်သွားလောက်ပြီထင်ရဲ့။ နဉ်ရှု ခေါင်းအား ယမ်းခါလိုက်သည်။ ဒီကနေ့ဟာ အရမ်းကိုမှ ပူလွန်းသည့်အပြင် ရှရှောင်မန်ကလည်း ကိုယ်ဝန်ကြီးနဲ့လေ။ သူမရဲ့ခန္ဓာကိုယ်က ဒီဒဏ်ကို ခံနိုင်ရိုးလား?

နဉ်ရှု အိမ်သို့ကားမောင်းပြန်တော့ရန် ပြင်ဆင်လိုက်ကာ သူမ၏ကားကို စက်နိုးလိုက်သည်ရှိသေး...၊ လူတစ်ယောက်ဟာ ကားရှေ့ကို ပြေးထွက်လာက လက်နှစ်ဖက်ကို ဆန့်တန်းလျက် လမ်းအား ပိတ်ဆို့လိုက်သည်။

နဉ်ရှု လန့်သွားသည်မို့ နှလုံးကြီးတောင် အပြင်ထွက်ကျတော့မလို့။ ဘရိတ်ခ်ကို ဖိနင်းလိုက်ရသည်မို့ ကားတာယာထံမှ ခပ်စူးစူးနှင့် သာယာနာပျော်ဖွယ်ရာမကောင်းသည့် အသံဟာလည်း ထွက်လာတော့သည်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Nơi câu chuyện tồn tại. Hãy khám phá bây giờ