1009

1.4K 249 1
                                    

အခန်း - ၁၀၀၉ _ မိသားစုတွေလိုပါ

နဉ်ရှုခင်မျာ ရှရှောင်မန်ရဲ့ အလွန်အမင်း စိတ်ပူနေသလိုမျိုးနဲ့ ဒုက္ခခံပြီး သတိလာပေးတာကို နားထောင်နေလေတယ်။

ဒါပေမယ့် နဉ်ရှုရဲ့ ရင်ထဲ နည်းနည်းလောက်တောင် ထိရှမသွားဘူး။ အခြေအနေတစ်ခုလုံးက ရှရှောင်မန် လုပ်သမျှတွေကြောင့်ပဲ ဒီလို ဖြစ်လာခဲ့တာလေ။ ရှရှောင်မန်သာ တစ်ယောက်ယောက်နဲ့ ဆွေးနွေးချင်စိတ် ရှိရင် ရှိသမျှလူတိုင်းကို ဆွဲချတာနဲ့ပဲ အဆုံးသတ်သွားခဲ့မှာ မဟုတ်ဘူး။

အခုတော့ ရှရှောင်မန်က ဝန်ခံဖို့ အစီစဉ်လည်း မရှိ။ သူမ ဆက်ပြောနေသမျှက ရွှီဝမ်လန်ကို မထိခိုက်စေချင်ဘူး ဆိုပေမယ့် သူမ လုပ်သမျှက ရွှီဝမ်လန်ကို အထိနာစေဆုံးပဲ။ သူမမှာ ကြီးမားတဲ့ နာကျင်မှု ရှိသလို သရုပ်ဆောင်နေပေမယ့်၊ ရွှီဝမ်လန်အတွက် စိတ်ပူနေပါတယ်ဆိုတဲ့ ရှရှောင်မန်ဆီက စိုးရိမ်မှုကို နဉ်ရှု လုံးဝ မခံစားမိပါချေ။

“အစ်ကိုက ညီမပြောထားတာတွေကို မှတ်ထားပါ့မယ်။” နဉ်ရှုက ရှရှောင်မန်ကို ကြည့်လိုက်တယ်။

“ညီမလည်း ညီမကိုယ်ညီမအတွက် ကာကွယ်ဖို့ ပြင်ဆင်ထားသင့်တယ်နော်။”

ရှရှောင်မန်က နဉ်ရှုပြောတာကိုလည်း ကြားရော၊ နဉ်ရှုက သူမရဲ့ အကြောင်းသိသွားတယ် ထင်ပြီး မျက်လုံးတွေ ပြူးကျယ်သွားကာ ဆွံ့အ,မင်သက်သွားတယ်။

“အစ်ကိုဝမ်လန်၊ တစ်ခုခု သိထားတာလား။”

“အစ်ကို ဘာတွေကို သိထားဖို့ လိုအပ်တယ် ထင်လဲ” နဉ်ရှုက ပြန်ပြောလိုက်တယ်။

“အစ်ကိုတို့က ကလေးဘဝကတည်းက ဆယ်နှစ်ကြာ အတူတူ ရှိလာခဲ့တာ။ အခု အရွယ်ရောက်လာကြပြီ။ ညီမရဲ့ နှလုံးသားထဲမှာ အစ်ကိုက ဘယ်လို ဖြစ်တည်မှုလဲ”

“မိသားစုလို သူမျိုးပါ”
ရှရှောင်မန်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ပြန်ဖြေလိုက်တယ်။

“ညီမရဲ့ မိသားစုကို ကာကွယ်ပေးမယ့်အတိုင်း အစ်ကို့ကို ကာကွယ်ဖို့ ဘာကိုမဆို စွန့်လွှတ်ပေးနိုင်တယ်”

မိသားစု…?

ဒါကဘာနဲ့သွားတူလဲဆိုတော့ ညီမက အစ်ကို့ကို အစ်ကိုတစ်ယောက်လို သဘောထားတာပါဆိုတာနဲ့ တော်တော်ကြီးကို တူတယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now